တိမ်တွေနေတဲ့ အရပ်ဆီ....
ပတ်ဝန်းကျင်တစ်ခုလုံးကဆူညံနေသည်။အထူးသဖြင့်ကလေးငယ်များ၏ရယ်သံများဖြင့်ပြည့်နက်နေသည်။သေချာပါသည် ကလေးကစားကွင်း တွင်ခေတ်နဲ့ တိမ်တိုက်ရောက်နေခြင်းပင်။တိမ်တိုက်က ကစားနေပေမယ့် ခေတ်ကတော့တိမ်တိုက်ကစားနေတာကို လိုက်ကြည့်နေသည်။ခေတ်ကငယ်ငယ်ကတည်းက အနေအေးပါသည်။ပြောရရင်အသက်ငယ်ငယ်လေးနဲ့ရင့်ကျက်သလိုပင်။
"ညီလေး ဘာလို့ကိုကို့ ကိုလိုက်ကြည့်နေတာလဲ မကစားဘူးလားဟင်"
"မကစားချင်လို့ပါ မောနေပြီလား လာထိုင်လေ"
"အင်း"
"ရော့ ရေသောက်"
တိမ်တိုက်ကခေတ်ဆီမှရေဘူးကိုယူကာသောက်လိုက်သည်။
ရုတ်တရက် တိမ်တိုက်ပါးလေးကနာသလိုခံစားလိုက်ရသည်။"ဟာ ကိုကို့ပါးကိုဘာလို့ညှစ်တာလဲနာလိုက်တာ"
"ချစ်လို့"
"ဟီးဟီး ဟုတ်ပါပြီဗျ ဒါနဲ့ညီလေးကိုပေးစရာရှိတယ်"
"ဟိုလေ ကျနော့်ကိုညီလေးလို့မခေါ်လို့ရမလား"
"ဘာလို့လဲ မကြိုက်လို့လား"
"ကျနော့်အထင်ပိုပြီးရင်းနှီးသွားအောင်လို့ မင်းနဲ့ငါပဲပြောကြမယ်လေ"
"ကိုကို့က ညီလေးနဲ့ အသက်လေးနှစ်တောင်ကွာတာလေ ငရဲကြီးမှာပေါ့"
"မကြီးပါဘူး နော်အက်လိုပဲခေါ်မယ်လေ"
"အင်းပါ "
"ဒါနဲ့ပေးစရာရှိတယ်ဆို"
"အင်း ဒီမှာ "
"ဟမ် ဘာကြီးလဲ"
"လိပ်ပြာလေးလေ ငါမွေးထားတာသူ့ကို ဒါမယ့်မနက်ကပဲဆုံးသွားတာ"
"ဟုတ်လား အက်ဆိုမြေမြှပ်လိုက်မယ်လေ"
"မမြှပ်ချင်ဘူး ငါသူနဲ့မခွဲနိုင်ဘူး အက်တာမင်းသိမ်းထားပေး "
ဖန်ပုလင်းထဲကအသက်မဲ့ေနဲ့တလိပ်ပြာလေးကိုခေတ်ကြည့်လိုက်သည်။နှုတ်ခမ်းထောင့်လေးကအပေါ်သို့တတ်သွားသည်။ခေတ်ပြုံးလိုက်သည်။သူ့ရှေ့မှာတော့ မျက်ရည်ဝဲတဲတဲနဲ့ တိမ်တိုက်ဆိုတဲ့ကောင်လေးက အူယားလောက်အောင်ချစ်စရာကောင်းလွန်းနေသည်။ခေတ်မနေနိုင်တော့ တိမ်တိုက်ရဲ့ဖြူအုနေတဲ့ပါးလေးကို နမ်းလိုက်မိသည်။တိမ်တိုက်ကတော့ ခေတ်ရဲ့အသက်ဝင်လွန်းနေတဲ့အနမ်းတွေကိုမရိပ်မိခဲ့ပေ။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Lãng mạnတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...