တိမ်တွေနေတဲ့ အရပ်ဆီ....
ခေတ်မင်းသစ်အိမ်သို့အမြန်ပြန်လာပြီးရေချိုးကာဆေးရုံသို့ပြန်လာခဲ့သည်။တိမ်တိုက်ရောင်ရှိရာသို့ ဦးတည်လာရင်းဒေါက်တာနဲ့တွေ့တာမို့ခေတ်မင်းသစ် တိမ်တိုက်၏ရောဂါအခြေအနေအကြောင်းကိုဆွေးနွေးလိုက်သည်။
"ဒေါက်တာ နှလုံးအလှူရှင်ကခုထိ မရသေးဘူးလားဟင်"
"ဒေါက်တာတို့လည်းအစွမ်းကုန်ကြိုးစားနေပါတယ် ဒါပေမယ့်ခုထိဆက်သွယ်မလာကြသေးဘူး"
"အက်ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဒေါက်တာ ရောင့်ကိုမကယ်နိုင်တော့ဘူးလားဗျာ"
ပြောနေရင်းခေတ်မင်းသစ်၏မျက်ဝန်းထဲမှမျက်ရည်များဝဲလာတော့သည်။မငိုအောင်အတတ်နိုင်ဆုံးထိန်းထားပေမယ့် မျက်ရည်များကအလိုလိုကျဆင်းနေတော့သည်။
"ကျွန်တော်ဘယ်လိုလုပ်ရမလဲ ေဒါက်တာရယ် ဟင့်..ကျွန်တော်လေ.. ရောင့်ကိုထပ်ပြီးမခံစားစေချင်တော့ဘူးဗျာ"
"အက်လောက်ထိလည်းမစိုးရိမ်ပါနဲ့ကွာ ဒေါက်တာတို့တခြားဆေးရုံတွေကိုလည်း အကူအညီတောင်းထားပါတယ် သိပ်မကြာခင်အလှူရှင်ပေါ်လာမှာပါ"
"အက်သိပ်မကြာခင်ဆိုတဲ့အချိန်လေးမှာပဲ ရောင်ကကျွန်တော့်ကိုထားသွားခဲ့ရင်ရော..."
ခေတ်မင်းသစ်ဒေါက်တာနှင့်စကားပြောပြီးတိမ်တိုက်ရောင်ဆီသို့လာခဲ့သည်။အခန်းရှေ့ရောက်တော့ တိမ်တိုက်ရဲ့ရယ်သံလေးကိုကြားလိုက်ရသည်။ဒီလိုလေးပဲ ရောင့်ရဲ့ရယ်သံလေးကိုအမြဲကြားချင်မိပါသည်။ဝဲတတ်လာသောမျက်ရည်စများကို ခေတ်မင်းသစ်လက်ဖြင့်ဖယ်ရှားလိုက်သည်။ပြီးတော့မှအခန်းထဲသို့ဝင်လာသည်။
"မောင်"
"ပြောပါအုန်းမောင့်ကို ဘာတွေရယ်နေတာလဲ"
"သီဟတို့နဲ့ ဒီတိုင်းစကားပြောနေတာပါမောင်ရဲ့"
"အော်တိမ်တိုက် ငါအပြင်မှာစားစရာတစ်ခုခုသွားဝယ်လိုက်အုန်းမယ် မင်းဘာစားချင်တာရှိလဲ ငါတစ်ခါတည်းဝယ်လာခဲ့လိုက်မယ်"
"ရတယ် ဘာဖြစ်ဖြစ်ဝယ်လာခဲ့လိုက်"
"အင်းပြီးရော ခေတ်ရောဘာမှာအုန်းမလဲ"
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...