တိမ်တွေနေတဲ့ အရပ်ဆီ...
____________ခေတ်မင်းသစ်တို့ခေါင်မိုးထပ်တွင် အချိန်အတော်တန်ကြာနေပြီးမှ တိမ်တိုက်ရောင်ဆီသို့လာခဲ့ကြသည်။
"အက်ဆိုကိုမိုးတိမ်ပြာ ရောင့်ဆီကိုပဲသွားလိုက်လေ ကျွန်တော်ဒေါက်တာနဲ့သွားတိုင်ပင်လိုက်အုန်းမယ်"
"အင်းပါ မင်းဆုံးဖြတ်ချက်ကသေချာနေပြီဆိုတော့လည်း ငါမတားတော့ပါဘူး"
"ရောင့်ကိုကျွန်တော့်အစားဂရုစိုက်ပေးနော်"
"အင်းပါ မင်းတိမ်လေးကိုငါ့ဆီမှာစိတ်ချလို့ရပါတယ်"
""ကျေးဇူးပါပဲဗျာ အနည်းဆုံးတော့ ရောင့်အနားမှာကိုမိုးတိမ်ပြာရှိနေသေးတာပဲ"
ခေတ်မင်းသစ် တံခါးလေးကိုအသာလေးဟကာ တိမ်တိုက်ရောင်ကိုကြည့်လိုက်လေသည်။သူပျော်နေတာပဲ။မောင်သေပျော်ပါပြီ ရောင်ရယ်။မောင့်ရဲ့နောက်ဆုံးအချိန်လေးမှာ ရောင့်ရဲ့ပျော်နေတဲ့မျက်နာလေးကိုတွေ့ရလို့။မောင်နှုတ်ဆက်ပါတယ် ရောင်။
မိုးတိမ်ပြာ ခေတ်မင်းသစ်ရဲ့ကျောပြင်အားငေးပြီးကျန်နေခဲ့တော့သည်။တဖြည်းဖြည်းကိုယ့်မျက်စိရှေ့လေးတင် ပျောက်ကွယ်သွားသော ခေတ်မင်းသစ်။
ဟူး......
မိုးတိမ်ပြာ သက်ပြင်းတစ်ချက်ချပြီး တိမ်တိုက်ရောင်ဆီသို့ဝင်လာလိုက်သည်။
"ကိုမိုးတိမ်ပြာ မောင်ရော"
မောင်တဲ့လား တိမ်လေးရယ်။တိမ်လေးက ခေတ်မင်းသစ်ကိုပဲအမြဲတမ်းတနေတာပဲ။ကိုယ် ဘယ်လိုရှင်းပြရမလဲမတိတော့ဘူးကွာ။ကိုယ့်ပါးစပ်ကနေပြီးတော့ ခေတ်မင်းသစ်ဒီလိုလုပ်သွားတာကို ဘယ်လိုစိတ်နဲ့ပြောထွက်ရမှာလဲ။
"ခေတ်က ...ဟို...."
"ခေတ်ကဘာဖြစ်လို့လဲဟင်"
"အော် ဘာမှမဖြစ်ပါဘူး သူအပြင်ခနလေးထွက်သွားတာပါ"
"အက်ဆို ငါအိမ်ခနပြန်လိုက်အုန်းမယ်တိမ်တိုက် ဂျေမီစောင့်နေလောက်ပြီ"
"အေးပါ သွားလေ"
"ကိုမိုးတိမ်ပြာ ခွင့်ပြုပါ့အုန်းဗျ"
![](https://img.wattpad.com/cover/303711441-288-k467283.jpg)
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
عاطفيةတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...