အပိုင်း(၉)

945 41 0
                                    

တိမ်တွေနေတဲ့ အရပ်ဆီ.....

ခေတ်အားရေပတ်တိုက်ပေးပြီးပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အကျင်္ီတစ်စုံလဲပေးထားလိုက်သည်။ညနက်နေပြီမို့ အိပ်ယာဝင်ရန်ခေတ်အခန်းထဲကထွက်ဖို့အလုပ်
တိမ်တိုက်ရဲ့အကြည့်ကတစ်စုံတစ်ခုဆီသို့။ ဒါက ငါငယ်ငယ်ကမင်းကိုပေးထားတဲ့အရာလေးပဲ။ငယ်ငယ်တုန်းကတော့ ဖန်ပုလင်းလေးထဲတွင် အသက်မရှိတော့တဲ့ လိပ်ပြာလေးတစ်ကောင်ပင်။အခုတော့ ခေတ်ကပြောင်းလဲပေးထားတာပဲ။မှန်ဘောင်လေးထဲမှာ အက်လိပ်ပြာလေးကို သေသပ်စွာဖြင့်ကော်ရည်လောင်းထားသည်။ငါကမင်းကို အမှတ်မထင်ပေးလိုက်မိတာ။မင်းက ခုထိသိမ်းထားဆဲနော်။ငါမင်းကို တကယ်နားမလည်နိုင်တော့ဘူးခေတ်ရယ်။

      ################
မနက်အစောကြီး မီးဖိုချောင်ထဲအလုပ်ရှုပ်နေသောတိမ်တိုက်။ခေတ်အတွက်မနက်စာ ပြင်ပေးနေခြင်းပင်။ဘာမှမချက်တတ်တာကြောင့် မနေ့ကလိုထမင်းကြော်ပဲဖြစ်သည်။အသီးအရွက်တွေနဲ့ပေါ့။

"အဟွတ် အဟွတ်"

ချောင်းဆိုးသံကြောင့် တိမ်တိုက်လှည့်ကြည့်လိုက်တော့ ခေတ်ပင်။

"အော် မင်းနှိုးပြီလား ငါမင်းအတွက်မနက်စာပြင်ထားတယ်"

"တော်ပြီ မစားဘူး"

"ဘာလို့လဲ ငါမင်းကိုစားစေချင်လို့လေ"

"အဟက် စားစေချင်တာလား အက်ဆိုလည်းပေး "

ခေတ်ကပန်းကန်ကိုယူပြီးအရန်သင့်သူ့ဘေးတွင်ရှိနေသော အိတ်ထဲသို့သွန်ထည့်လိုက်သည်။

"ခေတ် မင်းဒါဘာလုပ်တာလဲ မင်းရိုင်းလှချည်လား"

"ဒီမှာတိမ်တိုက် မင်းငါ့ကိုကြိုက်သလိုထင် ဒါပေမယ့်ငါကမင်းလောက်တော့ရွံစရာမကောင်းသေးပါဘူး"

"ငါဘာမှမလုပ်ထားဘူးခေတ် "

"ငါအရက်မူးနေတာကိုအခွင့်ကောင်းယူပြီး ညက.....မင်း"

"တော်တော့ခေတ် မင်းငါ့စေတနာတွေကိုမစော်ကားနဲ့ ငါ့အက်လောက်ရုတ်မညံ့ဘူး"

"ဟုတ်လား မင်းအက်လိုပြောလည်းငါကယုံမယ်ထင်လား ဘာလဲမင်းကငါ့ကိုအပိုင်ကြံပြီး ဒီစည်းစိမ်တွေကိုလိုချင်တာလား"

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now