တိမ်တွေနေတဲ့အရပ်ဆီ....
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေကြသည်။တစ်ခန်းလုံးလည်းအမှောင်ထုကနေရာယူနေလေသည်။နာရီလေးကတဖြည်းဖြည်းသန်းခေါင်ကျော်လာပီး ကျောက်ရုပ်ပမာလူသားတစ်ယောက်နှင့်အတူ အချိန်တွေကုန်ဆုံးနေလေသည်။
"မင်းက လူသတ်သမား မင်းကငါ့မိဘတွေကိုသတ်ခဲ့တာ မင်းကိုငါအရမ်းမုန်းတယ်".....
စကားသံတွေကတိမ်တိုက်ရောင်နားထဲမာပဲ့တင်ထပ်နေတော့သည်။မျက်ဝန်းအိမ်ထဲမှမျက်ရည်စတို့က အတားအဆီးမဲ့စွာ ကျဆင်းလျက်။အချိန်တွေကမြန်လွန်းလှသည်။ပြီးတော့ ခုလိုတွေဖန်တီးပေးခဲ့တဲ့ ကံတရားကြီးကိုကျနော််မုန်းလိုက်တာ...
.................................
တကယ်တော့တိမ်တိုက်ရောင်ဆိုတဲ့ ကျနော့်ကိုမွေးစားပြီးလို့နှစ်နှစ်ကျော်မာပဲ မေမေက ကိုယ်ဝန်ရခဲ့တယ်။ကျနော်အရမ်းပျော်ခဲ့တာ ညီငယ်လေးရတော့မယ်ဆိုပီး။အက်တုန်းက ကျနော့်အသက်က၆နှစ်ပေါ့ မွေးစားတုန်းကလေးနှစ် ဒီမာနေတာကနှစ်နှစ်။
"မေမေ့ ဒါ ဒါက သားညီလေးပေါ့နော်"
"အင်းပေါ့ရောင်လေးရဲ့ ဘယ်လိုလဲချစ်စရာလေးမလား"
"အင်း ဟုတ်တယ် ချစ်စရာလေး မေမေနဲ့တူတယ် ဟီးဟီး"
ညီငယ်လေးဆယ်နှစ်သားမာတော့ကျနော်က ဆယ့်ခြောက်နှစ်ပေါ့။ဒါမယ့်မေမေတို့က ခေတ်မင်းသစ်ကိုကျနော့်အကြောင်းတွေပြောပြထားတယ်လေ ကျနော်ကမွေးစားသားဆိုတာကိုပေါ့။အက်ချိန်ကစပြီးခေတ်မင်းသစ်က ကျနော့်ကိုသူ့ထက်ပိုပြီးအရေးပေးတာမကြိုက်တော့ဘူးကျတော့ကိုသူနည်းနည်းလေးမှသဘောမကျတော့ဘူး။
ပိုဆိုးတာကသူကျနော့်ကိုမုန်းေစခဲ့တဲ့ဒီအဖြစ်အပျက်ကြီးပင်။
အက်ဒီနေ့ကကျနော်အပါအဝင် ဖေဖေနဲ့မေမေရော ပါတီတစ်ခုကိုသွားတတ်ခဲ့ကြတယ်။ခေတ်သစ်မင်းကတော့မလိုက်ချင်ဘူးဆိုတာနဲ့ ပီးတော့ကားdriverကလည်း သူ့ကလေးနေမကောင်းလို့ရွာပြန်သွားတာကြောင့်ဖေဖေကိုယ်တိုင်ကားမောင်းဖို့ဖြစ်လာခဲ့တယ်။"Hello သားခေတ်လား"
"ဟုတ်ကဲ့လေးလေးထွန်း သားဗျ"
"မင်းမိဘတွေကားအက်စိဒင့်ဖြစ်လို့ခုဆေးရုံမာရောက်နေတယ်"
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Roman d'amourတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...