တိမ်တွေနေတဲ့ အရပ်ဆီ.......
"ချွမ် ဂလွမ်း"
ပြင်းထန်လွန်းတဲ့အသံကြောင့်တိမ်တိုက်အိပ်နေရာမှ လန့်နိုးခဲ့ရသည်။အောက်ထပ်သို့အမြန်ဆင်းကာကြည့်လိုက်တော့စူးခြပီးတောက်ပတဲ့မျက်ဝန်းတစ်စုံကဒေါသကြီးစွာဖြင့်သူ့ကိုကြည့်နေသည်။ကြမ်းပြင်မာလည်းမှန်ကွဲစများကနေရာယူလျက်ဖြင့်။
"မင်း လာစမ်း "
ရုတ်တရက်ကျနော့်လက်ကောက်ဝတ်ကိုအားပြင်းစွာညစ်ထားပြီး
"မင်း ဒါ ဘာလုပ်တာလဲ ဟမ် ဒီဧည့်ခန်းမာ မာမီနဲ့ဒယ်ဒီပုံကလွဲရင် အခြားဘာပုံမှချိတ်တာမကြိုက်ငါပြောထားတယ်မလား"
"သားခေတ်ကလည်း ဒီပုံလေးချိတ်တာ ဘာဖစ်တုန်းကွဲ့ ခုဟာကလည်း ရောင်လေးကမတိလို့လုပ်လိုက်တာပါ"
"ဘာမတိရမာလဲ ကျနော်ဒီလောက်ပြောထားတာကို မင်းနားကန်းနေလား "
"ငါ ငါတောင်းပန်ပါတယ်ခေတ်မင်းသစ် ငါတကယ်မသိလို့ပါ မင်းမကြိုက်ဖူးဆို ငါဒီပုံကိုပြန်ယူသွားလိုက်ပါ့မယ်"
"တောက်"
တောက်တစ်ချက်ခေါက်ပြီးအခန်ထဲသို့ဝင်သွားတော့မှ ဒေါ်လေးကအနားလာကာ
" စိတ်ထဲမထားနဲ့နော် ရောင်လေးသားခေတ်က စိတ်ဆိုးတုန်းပြောလိုက်တာပါ ဘာမှစိတ်မကောင်းမဖြစ်နဲ့ ဟုတ်ပီလား"
"ဟုတ်ကဲ့ ကျနော်နားလည်ပါတယ်ဗျ ပီးတော့ ဒီပုံလေးကဖေဖေ ပေးထားတဲ့အမှတ်တရလေးမို့ဧည့်ခန်းထဲမာချိတ်မိလိုက်တာပါ"
"ဒေါ်လေး နားလည်ပါတယ် ကဲခနနေထမင်းပြင်ထားလိုက်မယ် အောက်ဆင်းခဲ့နော်"
"ဟုတ်ကဲ့ ဒေါ်လေး"
ပန်းချီကားလေးကိုကောက်ကာအခန်းရှိရာသို့ပြန်လာခဲ့သည်။အခန်းထဲရောက်မှ မျက်ရည်စများက ထိန်းချုပ်မရအောင် ကျဆင်းလာခဲ့တော့သည်။မျက်ရည်များကိုဖယ်ရှားမနေတော့ပဲကြိုးပြတ်သွားသောအရုပ်တစ်ဖွယ် ထိုင်ငိုလိုက်တော့သည်။အသက်ဝင်လှသောပန်းချီကားလေးကိုကြည့်လျက်။တိမ်ရောင်စုံတွေနဲ့မြက်ခင်းစိမ်းစိမလေးကအငိုသန်သောထိုလူသားလေးကို ပိုပြီးငိုစေတော့သည်။
ငိုလိုက်တာမည်မျှပင်ကြာသွားသည်မသိအိပ်တောင်ပျော်သွားလေသည်။အစားစားချင်စိတ်လည်းမရှိတာကြောင့်ဝရံတာသို့ထွက်လာလိုက်သည်။လတ်ဆတ်တဲ့လေကိုတဝပြီးရူပီးမှုတ်ထုတ်လိုက်သည်။ရှေးလူကြီးပြောတာကြားဖူးတယ်ဗျ။သက်ပျင်းတခါချရင်အသက်တစ်ရက်တိုတယ်တဲ့။တကယ်လို့အက်ဒါသာအမှန်ဆိုရင်ကျတော်လူ့ပြည်မာအချိန်အကြာကြီးမနေရတော့ဘူးပဲ။ထိုအချိန်ကျနော့်ရဲ့အကြည့်များကလူတစ်ယောက်ဆီသိူ့ရောက်သွားတော့သည်။ထိုလူကတော့ ဒေါသအိုးခေတ်မင်းသစ်ဆိုတဲ့သူပေါ့။ထွားလာလိုက်တာ အရမ်းပဲ။ခုဆိုငါ့အရပ်ထက်ကိုကျော်သွားပီပဲ။လူပျိုပေါက်ကလေးလို့မပြောရဘူး တော်တော်လည်းဆွဲဆောင်မှုရှိလာပီ။တခါတခါရီလိုက်ရင်အစွယ်လေးကထွက်ထွက်လာတော့သူ့အပြုံးကိုမြင်တဲ့သူတိုင်း ငေးမော်မိမာအမှန်ပင်။ငါ့ကိုရော ဘယ်ချိန်ထိမုန်းနေမာလဲဟင်။ကို့အတွေးတွေနဲ့စိတ်ကူးယဥ်နေတုန်းသူကကျနော့်ဘက်ကိုလှမ်းကြည့်လာသည်။ကျနော်ချက်ချင်းပဲမျက်နာကိုအောက်ချလိုက်ကာဖြင့်။ဒီအကြည့်တွေက ကျနော့်စိတ်ထဲမာ အမည်ဖော်လို့်မရတဲ့ခံစားမှုတစ်ခုပင်။ကျနော်ထပ်ပီးပြန်ကြည့်လိုက်တော့သူမရှိတော့ အိမ်ထဲဝင်သွားပီထင်တယ်။ထိုအချိန်မှသက်ပျင်းလေး ထက်ချမိတော့သည်။
#############
ထမင်းဝိုင်းလေးတစ်ဝိုင်းကတိတ်ဆိတ်လွန်းလှသည်။ဒေါ်လေးနဲ့ကျနော်ပဲရှိတော့ထိုထမင်းဝိုင်းလေး။ခေတ်မင်းသစ်ကတော့ ကျနော့်ကိုအမြဲရှောင်တာမို့ထမင်းစားလျှင်လည်း လာမစားပေ။အခြားအချိန်တွေမှသာထစားသည်။
"အော် သားရောင်လေးကိုပြောရအုန်းမယ်"
"ဟုတ်ဒေါ်လေး ဘာလဲမတိဘူးဗျ"
"တခြားမဟုပါဘူး သားရဲ့ သားခေတ်ပေါ့"
"ဗျာ ခေတ်ကဘာဖစ်လို့လဲဒေါလေး သူရန်ဖြစ်လို့လား ခေတ်ကတော့လေ "
"ဟိဟိ"
ကိုယ့်အထင််နဲ့ကိုပြောနေသောကျနော်အားဒေါ်လေးကလောင်ကာရီလိုက်သည်။
"အက်တာမဟူပါဘူး ရောင်လေးရဲ့ ခုပြောမာက နောက်လဆိုသားခေတ်က singaporeမာကျောင်းသွားတတ်တော့မာလေ"
"အော် ကောင်းတာပေါ့ ဒေါ်လေးရဲ့ကျနော်ကတော့အားပေးတယ်သိလား"
"ရောင်လေးကိုလည်းသားေခတရဲ့်အကိုတစ်ယောက်အနေနဲ့ပြောပြတာပါ"
"ဟုတ်ကဲ့"
"ဒါနဲ့ရောင်လေးကရောဒီလိုပဲနေသွားတော့မာလား"
"ဟင် ဒေါ်လေးစကားကြီးကဘလိုကြီးလဲ ကျနော်ကဒီလိုမနေလို့ ဘယ်လိုနေရမာလဲ ဟီး"
"ဒေါ်လေးပြောချင်တာက ရောင်လေးကိုဆယ်တန်းပြန်ဖြေဖို့ပါ "
ဆယ်တန်းပြန်ဖြေဖို့တဲ့လား။ေမေမေနဲ့ဖေဖေကျနော့်ဘဝထဲကထွက်သွားပြီးကတည်းက ခေတ်ကစိတ်ဆိုးပီး ကျနော့်ကိုကျောင်းမတတ်ခိုင်းခဲ့ဘူး။ကျနော်ပြန်ဖြေမယ်လို့သာသူသိသွားရင် ကျနော့်ကိုစိတ်ဆိုးသွားမလား။အက်လိုအကြည့်တွေနဲ့ကျနော့်ကိုကြည့်အုန်းမာလား။တကယ်တော့ကျနော်လည်းခုလိုကြီးမနေချင်ပါဘူး။အပြင််မာအလုပ်ကလေးရှာပီးလုပ်ချင်တာ။ဒါမယ့်မေမေတို့ကမြို့ထဲမှာလူချမ်းသာစာရင်းဝင်တာကြောင့် မျက်နှာမပျက်စေလိုပါ။ဒါကြောင်ြ ကျနော်ဆယ်တန်းပြန်ဖြေရမလား။ခေတ်ကရော ငါ့ကိုခွင့်ပြုမာတဲ့လား။
###############
အပိုင်းသစ်လေးမျှော်ပေးကြပါအုန်းဗျ။အမှားပါခဲ့ရင်တောင်းပန်ပါတယ်🙏🙏🙏🙏
စာရေးသူ ခွန်း
💓💓💓💓💓💓
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...
