တိမ်တွေနေတဲ့ အရပ်ဆီ......
လွန်ခဲ့တဲ့ဆယ့်တစ်နှစ်တုန်းကပေါ့။ထိပ်တန်းစီးပွားရေးရှင်တွေအတွက် သီးသန့်ဂုဏ်ပြုပေးတဲ့ပွဲလေးတစ်ပွဲတွင် အပြိုင်အဆိုင်ယှဥ်ပြိုင်မှုများဖြင့် စီးပွားရေးသမားများ တတ်ရောက်ကြသည်။ ထိုထဲတွင် ဒေါ်နန်းရွှေလျန်နဲ့ ဦးထိုက်စံတို့လည်းတတ်ရောက်ကြသည်။သူတို့နဲ့အတူတိမ်တိုက်ရောင်လည်းလိုက်ပါခဲ့သည်။ဦးထိုက်စံတို့မာ နံပါတ်တစ်စီးပွားရေးရှင်ဖြစ်တာကြောင့် လူအများကအားကြရသလို မနာလိုသောသူများလည်းရှိသည်။
"ကို ဟိုမှာကြည့်ပါအုန်း ထိုက်စံတို့ရောက်လာကြပြီ"
"သူတို့လာတာဆန်းသလားမင်းကလည်း ထိုက်စံတို့ကTop oneစီးပွားရေးရှင်ပဲကို"
"အက်တာ ရှင်သောက်အသုံးမကျလို့ ဖြစ်ရတာလေ"
"မဒီ ကိုယ့်ကိုအက်လိုသောက်လို့မပြောနဲ့ ကိုယ်မကြိုက်ဘူး"
"မကြိုက်လည်းမတတ်နိုင်ဘူးရှင် ရှင့်အသံုးမကျလို့ သူတို့ကကျော်တတ်သွားတာလေ"
"စိတ်မပူပါနဲ့ ငါဒီအခွင့်အရေးကိုစောင့်နေတာကြာပြီ"
ကိုမိုးစက်နှုတ်ခမ်းထောင့်ကအပေါ်သို့ကော့တတ်သွားသည်။ထိုက်စံ ထိုက်စံမင်းကအမြင့်မှာတော်တော်ပျော်နေမှာပဲ။အမြဲတမ်းငါ့နေရာတွေကိုဝင်လုတဲ့ကောင် မင်းကိုငါ ဒီညအလွှတ်မပေးဘူး။မင်းတို့စီးပွားရေး ဟိုးအောက်ဆုံးကိုထိုးကျသွားအောင်လုပ်ပစ်မယ်
ဟား ဟား။
"တီ...တီ...တီ"
"Hello "
"ဆရာ ကျွန်တော်ပါ"
"အင်းကျော်စန်း ဘယ်လိုလည်းအခြေအနေက"
"အားလုံးအဆင်ပြေတယ်ဆရာ ဘာအစအနမှမကျန်ခဲ့ဘူး"
"အေး တစ်ခုခုဖြစ်တာနဲ့မင်းတို့ကိုငါအလွှတ်မပေးဘူးနော် ဒီတစ်ခါအောင်မြင်ရင် ငါမင်းတို့ကို ဘောက်ဆူးချမယ်"
"ဟား ဟား"
ကိုမိုးစက်ရင်ထဲမှအားရစွာရယ်လိုက်သည်။ဒါတွေကိုမသိသေးတဲ့ထိုက်စံတို့ကတော့ ပါတီပွဲမှာ အရမ်းပျော်နေကြသည်။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...
