အပိုင်း(၃၁)

570 25 1
                                    

တိမ်တွေနေတဲ့ အရပ်ဆီ....

"ဒေါက်တာ ဒီလိုဟာမျိုးကမနောက်သင့်ဘူးထင်တယ်"

"မဟုတ်ဘူး ကျွန်တော်ကတောလုံးဝမယုံဘူး"

"ဒေါက်တာမင်းတို့ကိုနောက်နေတာလဲမဟုတ်ဘူး လိမ်နေတာလည်းမဟုတ်ရပါဘူး တကယ်ပြောနေတာပါ"

"ဒါ....ဒါဆို"

ခေတ်မင်းသစ်ကိုယ်တိူင်ဆရာဝန်ဖြစ်တာကြောင့် အခြေအနေကိုနားလည်လိုပ်ပါသည်။အာ့ကြောင့် ရောင်ကခနခနမော‌တယ်ပြောနေတာကိုး။ငါကသာ...ငါကသာပေါ့ဆနေခဲ့တာပဲ။

"နှလုံးအလှူရှင်ရမှတိမ်လေးကအသက်ရှင်မယ့်သဘောလားဟင် ဒေါက်တာဟုတ်လား"

"ဟူး....."

ဒေါက်တာသက်ပျင်းရှည်တစ်ချက်ချကာ ခေါင်းညိတ်ပြလိုက်သည်။

"အက်လိုမဖြစ်စေရဘူး ခက်ဗျားတို့ဘာတွေပြောနေကြတာလဲ ရောင်ကဘာလို့သေရမှာလဲ ခက်ဗျားတို့လိမ်နေကြတာ ရောင်ဘာမှမဖြစ်ဘူး.."

"ခေတ်မင်းသစ်မင်းစိတ်ကို ထိန်းအုန်းလေ"

"မဟုတ်ဘူး မဟုတ်ဘူး..."

ခေတ်မင်းသစ်အခန်းထဲမှပြေးထွက်သွားလေတော့သည်။ခြေလှမ်းတွေရဲ့ဦးတည်ရာကတော့ ‌တိမ်တိုက်ရောင်ဆီသို့။
ဒါပေမယ့်ခေတ်တိမ်တိုက်ရောင်ဆီသွားဖို့ကိုအားမရှိတော့ပါ။ခြေထောက်တွေကိုကြမ်းပြင်သို့ ကွေးညွန့်လိုက်တော့သည်။

"ဟင့် ....ခက်ဗျားတို့အကုန်လုံးလိမ်နေကြတာ..ဟင့်ဟင့်..."

ခေတ်မင်းသစ်ရှိုက်ကြီးတငင်ထိုင်ငိုနေလိုက်သည်။ပတ်ဝန်းကျင်ကအထင်မှာတော့ ခေတ်ကအရူးတစ်ယောက်အလား။ငါကြောင့် ရောင်အခုလိုဖြစ်ရတာ။ငါသာ ရောင်ပြောတုန်းကပေါ့ဆမနေခဲ့ရင် ခုလိုဖြစ်မှာမဟုတ်ဘူး။ဘာလို့ ငါ့ကြောင့်ပဲရောင်က ခံစားနေရတာလဲကွာ။

မိုးတိမ်ပြာ‌ဒေါက်တာအားနှုတ်ဆက်ပြီး ခေတ်မင်းသစ်အနောက်ကိုလိုက်လာခဲ့သည်။
မကြာပါဘူး ကြမ်းပြင်ပေါ်တွင်ဒူးထောက်ကာငိုနေတာကို တွေ့လိုက်ရသည်။

"ခေတ်မင်းသစ် မင်းငိုနေလို့တိမ်လေးရဲ့ရောဂါက သက်သာလာမှာတဲ့လား"

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now