တိမ်တွေနေတဲ့ အရပ်ဆီ......
ကားလေးကလေဆိပ်ကိုကျောခိုင်းပီးTheFutureဆိုတဲ့ဆေးရုံလေးဆီသို့။ခေတ်singaporeမာဆေးကျောင်းတတ်ခဲ့ပြီးပါရဂူဘွဲ့ပါရခဲ့သည်။ မြန်မာပြည်ရောက်တာနဲ့ ဒေါက်တာဝင်းမောင်ဆေးရုံတွင် ဝင်ခဲ့သည်။ဦးဝင်းမောင်ဆိုတာကလည်း ဒယ်ဒီနဲ့ရင်းနှီးသလို ခေတ်အပေါ်မာလည်းသားတစ်ယောက်လိုဆက်ဆံတာကြောင့် ပွင့်၂လင်း၂နေလို့ရသည်။ဒါပေမယ့် ဦးဝင်းမောင်မှာ တူမလေးတစ်ယောက်ရှိတာကိုတော့မတိခဲ့ပါ။
"ဟေး တူမလေး"
"ဦးလေး "
တွေ့တာနဲ့ပန်းသစ်လွှာကဦးဝင်းမောင်ကိုပြေးဖက်တော့သည်။
"ဘယ်လိုလဲ တူမလေးဟိုမာအဆင်ပြေခဲ့ရဲ့လား"
"ပြေတာပေါ့ဦးလေးရဲ့ အက်ထက်ပိုပြေတာရှိသေးတယ်သိလား"
"ဟင် ဟုတ်လား"
ပန်းသစ်လွှာကဦးဝင်းမောင်ရဲ့နား နားကပ်ပီးတိုးတိုးလေးကပ်ပြောလို့က်သည်။ခေတ်ကတော့ မတိချင်ယောင်ဆောင်ထားလိုက်သည်။
"အကိုခေတ်က အရမ်းချောတာပဲနော် ဟီးဟီး"
"ကဲ ဒီကောင်မလေးကတော့
ဒါနဲ့ ခေတ်မင်းသစ်ကိုဦးလေးကျေးဇူးတင် တယ်ကွာ"
"ရပါတယ် ဦးလေးရဲ့ အက်ဆိုကျနော်တာဝန်ကျတာလေးသွားလုပ်အုန်းမယ်"
"ဟုတ်ပါပီ"
"အက်ဆို ပန်းသစ်လည်းပြန်တော့မယ် သူငယ်ချင်းကိုလာကြိုခိုင်းထားတယ်"
"ဦးလေးကားယူသွားလေ "
"ရပါတယ်ရှင့် ဖုန်းဆက်ထားပီးပီ သွားပီအက်ဆို"
"အင်းအင်း ဂရုစိုက်ပြန်အုန်း"
အချိန်တွေကတစ်နာရီပြီးတစ်နာရီကုန်ဆုံးနေတော့သည်။တိမ်တိုက်တစ်ယောက်တော့ အိမ်ကြီးထဲမာ တနေ့လုံးအချိန်ကုန်ဆုံးလျက်။
"အား ပျင်းလိုက်တာ ငါဒီလိုကြီးနေ့တိုင်းနေရတော့မာလား ငါ့ဘဝတော့ သွားပြီထင်တယ်"
ထိုချိန်ခြံထဲသို့ကားတစ်စီးထိုးရပ်သံကြားလိုက်တာကြောင့် အခန်းပြတင်းပေါက်မှထကြည့်လိုက်သည်။ခေတ်ရဲ့ကားဖြစ်နေ၍ ချက်ချင်းဘာလုပ်ရမှန်းမတိဖြစ်သွားသောတိမ်တိုက်။မထူးပါဘူး စောင်ထဲဝင်အိပ်နေသလိုလုပ်လိုက်မယ်။တိမ်တိုက် စောင်ခြုံကာ အိပ်နေလိုက်သည်။ခေတ်ရဲ့ခြေသံကတဖြည်းဖြည်း တိမ်တိုက်အခန်းနားသို့ရောက်လာသည်။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...
