အပိုင်း(၆)

1.1K 49 1
                                        

တိမ်တွေနေတဲ့ အရပ်ဆီ.......

"ဟင် ခေတ်....ခေတ်..မင်း"

"ဟုတ်တယ် ငါပဲ"

"မင်းဘယ်ချိန်ကပြန်ရောက်နေတာလဲ"

"မင်းသိစရာမလိုဘူး ခုမင်းကိစ္စပြီးပြီမလား မင်းငါ့အခန်းကသွားလို့ရပီ"

"ငါ..."

"ထွက်သွားလို့ပြောနေတယ်မလား"

"အင်း အင်းပါ..ငါသွားပါ့မယ်"

တိမ်တိုက်မျက်နာ ငယ်သွားတာကိုကြည့်ပြီး ခေတ်အနည်းငယ်ပြုံးလိုက်သည်။ငါမရှိတုန်း မင်းအရမ်းပျော်နေမာပဲ တိမ်တိုက်။ခုငါပြန်လာပြီဆိုတော့ မင်းအရင်ပြန်ဖြစ်အောင် လုပ်ပြမယ်၊မင်းစောင့်ကြည့်နေလိုက် တိမ်တိုက်။ဘယ်သူဘာပြောပြော မာမီတို့သေရတာ ငါမင်းကိုလုံးဝမသကင်္ာဘူး။

စိတ်ပုတ်လိုက်တာ သူ့အခန်းထဲမာ ရေလေးလာချိုးမိတာကို။သူ့ဘာသာ ဘယ်ချိန်ကတည်းကရောက်မှန်းမတိပဲနဲ့။တိမ်တိုက် စိတ်ထဲဝမ်းနည်းမှုအစပြုခဲ့လေသည်။ခေတ်က ငါ့ကိုခုထိမုန်းနေတာ ဒီအိမ်ကြီးထဲမာ မမြင်ချင်လည်းမြင်ရမာပဲလေ။
အဝတ်စားအမြန်လဲကာ ဆိုင်သိူ့ထွက်လာခဲ့တော့သည်။
ဆိုင်မာလည်း တနေ့လုံးစိတ်မပါခဲ့ပါ။ဒါကိုသတိထားမိတဲ့ ဂျေမီက။

"တိမ်တိုက် တခုခုဖြစ်လို့လား"

"ငါလား ဘာဖိလို့လဲ"

"မင်းမျက်နာကြီးက မှုန်ကုတ်နေတာပဲ"

"ခေတ် ပြန်ရောက်လာပီကွ"

"ဟင် ခေတ်"

ခေတ်ရောက်လာပီလို့ပြောလိုက်တော့ အကုန်လုံးအကြည့်တွေကကျနော့်ဆီရောက်လာသည်။

"တိမ်တိုက် မင်းသူနဲ့တအိမ်ထဲဖြစ်လို့လား"

"ငါ့တိုက်ခန်းမာ လာနေမလားတိမ်တိုက်"

သီဟတိုက်ခန်းတွင်လည်း နေလို့မဖြစ်ပါ။အက်လိုပြောင်းသွားတော့ ခေတ်ကသူ့ကိုတမင်ရှောင်တယ် ထင်သွားမာလည်းစိုးရသည်။ညနေဆိုင်သိမ်းပြီးမာပေါ့ ခြေလှမ်းများကလေးလံနေသည်။အိမ်မာကိုယ်ပိုင်ကားရှိပေမယ့် မစီးချင်တာကြောင့် မနက်ဆိုသီဟကပဲလာခေါ် ပြန်လျှင်လည်းသူပဲလိုက်ပို့ပေးသည်။တံခါးလေးကိုဖွငိ့ပြီးအိမ်ထဲ ခေါင်းဝေ့ကြည့်လိုက်သည်။ရုတ်တရက်ဧည့်ခန်းထဲတွင်ထိုင်နေသောခေတ်ကို တွေ့လိုက်တာကြောင့်လန့်သွားခဲ့ရသည်။မသိမသာလေးအိမ်ထဲဝင်ကာ အခန်းရှိရာအပေါ်ထပ်သို့ယတတ်မည်အလုပ် ခေတ်ကခေါ်လိုက်တာကြောင့်ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now