တိမ်တွေနေတဲ့အရပ်ဆီ....
မိုးတိမ်ပြာ၏ခြေလှမ်းတွေက အထဲဝင်ဖို့လေးလံနေလေသည်။
ငါဝင်သွားရင်သူတို့ပျော်နေတာကို ဖျက်ဆီးသလိုများဖြစ်သွားလေမလား။ပြီးတော့ တိမ်လေးကိုခေတ်မင်းသစ်နဲ့အတူမြင်နေရတာကို ဘယ်လိုစိတ်နဲ့ ဖြေသိမ့်ရပါ့မလဲ။"ကိုမိုးတိမ်ပြာ အက်မှာဘာလုပ်နေတာလဲ အထဲမဝင်ဘူးလား"
မိုးတိမ်ပြာတစ်ယောက်ထဲအတွေးလွန်နေတုန်း သီဟရောက်လာတာမို့ သက်ပျင်းချပြီးသာနေလိုက်တော့သည်။
"အော် ဘာမှမဟုတ်ပါဘူး ဘာတွေဝယ်လာတာလဲငါ့ညီက"
"ဒီမှာတိမ်တိုက်စားဖို့သွားဝယ်လာတာပါဗျ"
"အော် ဟုတ်လား"
"အက်ဆိုအထဲဝင်ရအောင်လေ"
"အကိုမဝင်တော့ဘူး ရုတ်တရက်အရေးကြီးသွားစရာရှိလာလို့ တိမ်လေးကိုဒါလေးပေးပေးနော်"
"ရပါတယ် ပေးပေးမယ်လေ"
"ဒါဆိုအကိုသွားပြီနော်"
"ဟုတ်"
မိုးတိမ်ပြာ တိမ်တိုက်နဲ့တွေ့ရဖို့ အားမရှိပါ။ဒါ့ကြောင့်လည်းဝယ်လာတဲ့အသီးတွေကိုသီဟနှင့်သာ လူကြုံထည့်ပေးလိုက်တော့သည်။
"အဟမ်း"
သီဟရောက်လာသည်ကိုပင် သတိမထားမိပဲချစ်ကြည်ရေးယူနေကြသော တိမ်တိုက်နှင့်ခေတ်မင်းသစ်။သီဟချောင်းဟန့်လိုက်တော့မှ နှစ်ယောက်သားရှက်ကိုးရှက်ကန်းဖြစ်နေကြတော့သည်။
"ရော့ ဒါကိုမိုးတိမ်ပြာပေးခိုင်းလိုက်တာ"
"ဟင် ကိုမိုးတိမ်ပြာက ဝင်မလာဘူးလား"
"အရေးကြီးသွားစရာပေါ်လာလို့တဲ့"
"အော် ရောင် မောင်ကိုမိုးတိမ်ပြာကိုပြောစရာလေးရှိလို့လိုက်သွားလိုက်အုန်းမယ်နော် ခနပဲမကြာဘူး"
"အင်းသွားလေ ရပါတယ်"
ခေတ်မင်းသစ် မိုးတိမ်ပြာနောက်ကိုပြေးလိုက်တော့သည်။ကံကောင်းစွာနဲ့ပဲ ထိုင်ခုံပေါ်တွင်ထိုင်နေသော မိုးတိမ်ပြာအားတွေ့လိုက်ရတော့သည်။

YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...