တိမ်တွေနေတဲ့ အရပ်ဆီ........
ထုံးစံအတိုင်းအလုပ်ရှုပ်နေကြသော တိမ်တိုက်တို့အဖွဲ့။ဖောက်သည်မပျက်တာကြောင့်နည်းနည်းပင်းပန်းလှသည်။ဖောက်သည်တွေအကြိုက်တွေ့ဖို့အတွက် စိတ်ကျေနပ်မှုရှိအောင်ရှင်းပြရတာကြောင့် အာဂေါင်ကခြောက်ကပ်လွန်းနေသည်။ရေပြေးသောက်ချင်သော်လည်း ခက်လှပါသည်။မကြာမှီလူကျသွားတာကြောင့် ထုံးစံအတိုင်းသီဟအသံကအစပြုလာသည်။
"အား အိပ်ချင်လိုက်တာကွာ"
"အော် မင်းကအိပ်ချင်နေသေးတယ် ငါတို့မာတော့ဖက်ဖက်ကိုမောလို့"
"မင်းကလည်းငါကအက်လိုပြောတာ မဟုတ်ပါဘူးဟ ပင်ပန်းလို့အိပ်ချင်တယ်ပြောတာပါ"
စကားပြောပြီဆိုတာနဲ့ စကားများကြတဲ့ သီဟနဲ့သိန်းဇော်။ကျနော်နဲ့ေဂျမီကတော့ အမောဖြေသူတို့ပြောတာကြည့်ပီး ရီနေကြသည်။
"တိမ်တိုက် ညနေကျbarသွားကဲရအောင်"
"မသွားချင်ပါဘူး မင်းတို့ပဲသွားကြ"
"ဟျောင့်သီဟ ငါလိုက်မာနော်"
"ငါလည်းလိုက်မာ မသွားရတာကြာပီ တိမ်တိုက် မင်းပါလိုက်ခဲ့လေ"
"အေးမင်းတို့လူညီနေမှတော့ လိုက်ရတော့မာပေါ့ကွာ ဟားဟား"
"Awwမလိုက်ဖူးများလားလို့"
ညနေရောက်တာနဲ့ဆိုင်သိမ်းပြီးbarသွားကြသည်။ခုတခါနဲ့ဆို barရောက်တာသုံးခေါက်မြောက်ပေါ့။သောက်ကြစားကြနဲ့ အတော်လေးကောင်းနေကြသည်။ကျနော်ကတော့အရမ်းမသောက်ပါ။
"ဟျောင့် ကမယ်လေကွာ လာလာ"
သီဟကဂျေမီကိုဆွဲကာ လူကြားထဲသွားကတော့သည်။သူတို့သွားတော့ သိန်းဇော်ကပါ နောက်ကလိုက်သွားသည်။ကျနော်ကတော့ ဝိုင်းမာသာကျန်ခဲ့သည်။
"Hey you"
ခေါ်သံတစ်ခုကြောင့်ကျနော်နောက်လှည့်ကြည့်လိုက်သည်။မိန်းခလေးတစ်ယောက်ပင်။ပုံစံက အတိုအပြတ်အဝတ်အစားနှင့်။
"အင်း ဘာများလဲ"
"Youကလည်း ချေလိုက်တာ ဒေစီကခင်ချင်လို့ပါ"

YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...