တိမ်တွေနေတဲ့ အရပ်ဆီ....
ကျော်ဆန်းတို့အဖွဲ့ မိုးတိမ်ပြာအားဝိုင်းဆွဲကြသည်။ဒါမယ့်မိုးတိမ်ပြာဦးမိုးစက်အားမလွှတ်ပါ။နောက်ဆုံးတစ်ယောက်နဲ့အများဖြစ်တာမို့ မိုးတိမ်ပြာကျော်ဆန်းတို့အဖွဲ့၏ဖမ်းချုပ်ခြင်းကိုခံရလေတော့သည်။
"မွေးရကျိုးမနပ်တဲ့ကောင် ရော့ကွာ ခွပ်.."
ဦးမိုးစက်ရဲ့လက်သီးချက်ကမိုးတိမ်ပြာ၏ပါးပြင်ဆီသို့။
"အဟက် ဒယ်ဒီကသားကိုထိုးတယ်တဲ့လား တကယ်လို့မွေးရကျိုးမနပ်ရင် ဒီနေရာမှာပဲသတ်လိုက်ပါလား"
"မင်း...."
"ဘာလဲဒယ်ဒီမသတ်ရဲဘူးမလား ဒယ်ဒီအတွက်လူသတ်တာမခက်မှန်းသားသိတာပေါ့"
"မိုးတိမ်ပြာမင်းသောက်ပါးစပ်ကိုပိတ်ထားလိုက်စမ်း မဟုတ်ရင်ငါမင်းကို.."
"ဘာလဲ ဆက်ပြောလေ"
"ကျော်ဆန်း ငါတို့ဟိုကောင်တွေကိုလွှတ်လို့မဖြစ်ဖူးနော် အမြန်လိုက်ရှာရမယ်"
"ဟုတ်ကဲ့ဆရာ"
ဦးမိုးစက်တို့မိုးတိမ်ပြာအားထိုအိမ်ကြီးထဲတွင်ထားပစ်ခဲ့ကြပြီးတောထဲတွင် ခေတ်မင်းသစ်တို့အားလိုက်ရှာကြတော့သည်။
ခေတ်တို့ခြေဦးတည့်ရာသို့ပြေးလိုက်မိသည်။တောထဲတွင်လမ်းမသိတာကြောင့်ပင်။
ပြေးတာကြာလာတော့တိမ်တိုက်ရောင် အားမရှိတော့ပေ။"မောင် ..ငါ..ငါမရတော့ဘူး"
"ခနလေးပဲဆက်ပြေးရအောင်နော်ရောင်"
"ငါတကယ်မရတော့ဘူးမောင် အရမ်းပင်ပန်းနေပြီ ဟင့်ဟင့်"
"မငိုပါနဲ့ရောင်ရယ် မောင်ရှိတယ်နော်သိလား"
ကိုယ့်ရှေ့တွင်ကိုယ်ချစ်ရသူကငိုနေတော့ ခေတ်မနေနိုင်တော့ပါ။တိမ်တိုက်ရောင်အား ရင်ခွင်ထဲထည့်ထားလိုက်တော့သည်။
"ဟာကွာ....ဖြန်း .ဖြန်း"
"မောင် မလုပ်ပါနဲ့ ....ဟင့်အက်လိုမလုပ်ပါနဲ့မောင်ရယ်"
ခေတ်မင်းသစ်သူ့ပါးပြင်အားတဖြန်းဖြန်းနှင့်ရိုက်နေတာကြောင့်တိမ်တိုက်ရောင် ခေတ်လက်အားဆွဲထားလိုက်ရသည်။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...