အပိုင်း(၁၈)

821 44 0
                                    

တိမ်တွေနေတဲ့ အရပ်ဆီ...

"ဘာအမှန်တရားလဲ"

"မင်းဦးမိုးစက်နဲ့ဒေါ်မဒီတို့ကိုမှတ်မိလား"

ခေတ်ထိုင်ခံုပေါ်တွင်ပြန်ထိုင်လိုက်သည်။ကိုမိုးတိမ်ပြာပါလိုက်ထိုင်သည်။

"မင်းငါ့ကိုကတိတစ်ခုအရင်ပေး"

"ဘာကတိလဲ"

"ဒီအကြောင်းတွေကိုတိမ်လေးကိုပြန်မပြောပြပါဘူးဆိုတဲ့ကတိ"

"အင်းပီးရော"

"တကယ်တော့မင်းမိဘတွေကိုသတ်ခဲ့တဲ့တရားခံကတိမ်လေးမဟုတ်ဘူး"

"ဘာ "

"ဟုတ်တယ်ခေတ်မင်းသစ် မင်းစဉ်းစားကြည့်ဒီလောက်ကလေးလေးကဘာလို့သတ်ရမှာလဲ ပြီးတော့အက်တာလည်းတိမ်လေးမိဘတွေပဲလေ
အက်နေ့ကဦးမိုးစက်ကသူ့တပည့်တွေကိုဦးထိုက်စံရဲ့ကားဘရိတ်ကြိုးကိုဖြတ်ခိုင်းနေတာငါကြားခဲ့တယ်"

"ဟင် ဒါ...ဒါဆို"

"အကိုခေတ် အကိုခေတ်ရေ"

"ပန်းအကိုကဒီမှာ"

ပန်းသစ်ရောက်လာ၍ပြောနေသောစကားများပင်ရပ်တန့်လိုက်ရသည်။

"အကိုခေတ် အကိုတိမ်တိုက်ရောင်နေမကောင်းဘူးဆို"

မနေ့ကအိပ်ခါနီးပန်းသစ်ဖုန်းဆက်တာကြောင့်တိမ်တိုက်နေမကောင်းဖြစ်နေကြောင်းကိုပြောပြလိုက်ခြင်းပင်။

"အင်းသူ့အခန်းထဲမှာရှိတယ် သွားကြည့်လိုက်နော်"

"ဟုတ်အက်ဆိုသွားလိုက်ပါအုန်းမယ်ရှင့်"

ပန်းသစ်နှုတ်‌ခမ်းထောင့်‌လေးကို‌အပေါ်သို့ကွေးလိုက်သည်။သူ့ကိုယ်သူကျေနပ်နေဟန်ဖြင့်။
တိမ်တိုက်နေမကောင်းသည်ကိုအခွင့်ကောင်းယူပြီးအရင်ခေါ်ထုတ်သွားရမယ် ဟင်းဟင်း။

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

အထဲမှခွင့်ပြုချက်ရသည်နှင့်ပန်းသစ်လွှာအခန်းထဲဝင်လာတော့သည်။

"အကိုတိမ်တိုက်ရောင် "

"အော်ပန်းသစ်လွှာ လာလေ"

"ဟုတ်အကိုနေမကောင်းဘူးလို့အကိုခေတ်ကပြောလို့လေ
တောင်းပန်စရာလေးလည်းရှိလို့"

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now