Chapter 1

8.1K 519 7
                                    

လင်းယွီရန်သည် ထိုကဲ့သို့သောနေရာကိုပထမဆုံးအကြိမ် ရောက်လာရခြင်းပင်။

ကျဉ်းမြောင်းသော စင်္ကြံအတွင်း၌ အမျိုးမျိုးသောတိုလီမိုလီပစ္စည်းများကိုနေရာချထားကာ၎င်းတို့ကိုကာရံထားသော အဝါရောင်နံရံ၌ပင် ဆီအစွန်းအထင်းများဖြင့်။

စင်္ကြံ၏အဆုံးတွင် အများသူငှါအတွက်ဖွင့်ထားသော ရေကန်တစ်ခုရှိလေသည်။ထိုအထဲတွင် မဆေးကြောရသေးသောပန်းကန်ခွက်ယောက်များနှင့် တူများစွာကို လွှင့်ပစ်ထားခဲ့လေသည်။ထိုပစ္စည်းများမှာ မည်မျှကြာအောင် ရှိနေကြောင်းမသိနိုင်ပေ။

လင်းယွီရန်သည် ကျောင်းလွယ်အိတ်ထဲမှ စက္ကူတစ်ရွက်ကိုထုတ်ကာ ရေပိုက်ခေါင်းပေါ်တင်၍ ယိုစိမ့်နေသောပိုက်ကို ပိတ်လိုက်၏။ထို့နောက် သူသည်နောက်တစ်ထပ်သို့ မတက်မီ သူ့မှတ်စုစာအုပ်ကိုထုတ်ကာ အထက်ပါလိပ်စာနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။

အပေါ်ထပ်မှာလည်း အလားတူအခြေအနေမျိုးပင်။ လင်းယွီရန် လှမ်းတက်လိုက်သည်နှင့် ရိုးရှင်းပြီးအကြမ်းထည်လှေကားထစ်များဟာတုန်ခါသွားတော့သည်။သစ်သားလှေကား၏အပိုင်းများသည်မိုးနှင့်နေရောင်တို့ကြောင့် ဆွေးမြည့်နေသော်လည်း မည်သူမျှပြုပြင်ထားခဲ့ခြင်းမရှိပေ။သူသည်၎င်းကိုကျော်တက်ပြီး နောက်ဆုံး သူ၏ပန်းတိုင်သို့မရောက်မီ နောက်ထပ်ခြေလှမ်းနှစ်လှမ်းသာလှမ်းခဲ့ရလေသည်။

ဒီအိမ်တံခါးက တော်တော်လေးသန့်ရှင်းနေ၏။ ရှေးခေတ်သံချေးတက်နေသော သော့ခလောက်ကို အစိမ်းရောင်ခြယ်ထားသောသံတံခါးပေါ်တွင် ချိတ်ဆွဲထားလေသည်။နေရာတိုင်းတွင်ဖုန်မှုန့်များက ရှိနေလျက်။ဤတံခါးကို မည်သူမျှမဖွင့်သည်မှာ ကြာလှပြီဟုပင်ထင်ရလေသည်။

အခန်းထဲသို့ကာရံထားသော လိုက်ကာများမရှိပေ။လင်းယွီရန်သည် ပြတင်းပေါက်အပြင်ဘက်တွင်ရပ်ကာ အထဲသို့ချောင်းကြည့်လိုက်ရာ အတွင်းထဲ၌ပြောင်ရှင်းနေပြီး ကုတင်တစ်လုံးနှင့်မလိုအပ်သောအဝတ်အစားအနည်းငယ်သာ ကျန်ရှိတော့သည်။

"ဟေး မင်းဘယ်သူ့ကိုရှာနေတာလဲ?"

ထိုအချိန်၌ ဘေးခန်းမှတံခါးကပွင့်လာခဲ့၏။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Where stories live. Discover now