Chapter 12

1.9K 307 3
                                    

ဟင်းနှစ်ပန်းကန်ထဲက တစ်ခုကသာသူတို့စားရန်သင့်တော်ပြီး ကျန်တစ်မျိုးကတော့တကယ့်ကို သည်းမခံနိုင်လောက်အောင်ပင်။ကံကောင်းထောက်မစွာ၊ လင်းယွီရန်သည် ပါဝင်ပစ္စည်းများအများအပြား မသုံးစွဲခဲ့သဖြင့် အစားအစာကိုအလွန်အကျွံ မဖြုန်းတီးမိခဲ့ပေ။ထမင်းနှင့်တွဲစားလျှင်တော့ သူ့အတွက်အတော်လေး အဆင်ပြေနေဆဲ။

ကုယောင်ယန်က သူ့ထက်အရင်စားသောက်ပြီးသွား၏။သူကသူ့ပန်းကန်များကိုယူကာ ဆေးရန်မီးဖိုချောင်ထဲဝင်သွားတော့သည်။ထို့နောက်လက်ဆေးရန် ရေချိုးခန်းထဲဝင်သွားကာတစ်နေရာရာသို့ သွားရန်ပြင်ဆင်နေတော့သည်။

လင်းယွီရန်ကထရပ်ရင်း မေးလိုက်၏။

"မင်းအပြင်သွားမလို့လား?"

ကုယောင်ယန်ကဖိနပ်ကိုပြောင်းစီးကာ တံခါးဖွင့်ရင်းသူ့ကိုပြန်ဖြေလာ၏။

"ငါလိုက်လို့ရမလား?"

လင်းယွီရန်သည်လည်း ဖိနပ်ပြောင်းစီးချင်ခဲ့လေသည်။သူ့ခြေထောက်ပေါ်မှ ကွင်းထိုးဖိနပ်သည်အသစ်ဝယ်ထားခြင်းဖြစ်၏။၎င်းတွင် ပလတ်စတစ်ဖိနပ်ခုံမျိုးပါပြီး သူ့အတွက်စီးရသည်ကအတော်လေးသေးနေ၏။

ကုယောင်ယန်ကပြတ်ပြတ်သားသားပင် ပြောလာ၏။

"မရဘူး"

"ဘာလို့လဲ? အရေးတကြီးလုပ်စရာရှိနေလို့လား? မင်းလမ်းလျှောက်ထွက်တာဆို ငါလည်းမင်းနဲ့လိုက်...."

"မရဘူးလို့ပြောနေတယ်လေ"

သူ့စကားမဆုံးသေးချိန်၌ပင် ကုယောင်ယန်ကသူ့ကိုစိုက်ကြည့်ကာထပ်၍ ငြင်းဆိုလာခဲ့၏။သူ့မျက်လုံးများက ခိုင်မာပြီးမငြင်းနိုင်အောင်ဖြစ်စေကာ သူ့လေသံမှာလည်း အေးစက်ကာခံစားချက်မရှိသလို။

လင်းယွီရန်မှာအံ့ဩသွား၏။အောက်ထပ်သို့ဆင်းသွားသော ပုံရိပ်ကိုကြည့်ရင်း သူကနောက်မှလိုက်မသွားရဲခဲ့ပေ။

အတိအကျပြောရလျှင် ကုယောင်ယန်ကသူ့ကိုစနောက်နေခဲ့သော်လည်း ဘယ်သောအခါနာကျင်အောင်မလုပ်ခဲ့ပေ။သူ့ကိုနာကျင်စေဖို့ဆိုသည်ကို မပြောနဲ့အုန်း လူရှေ့သူရှေ့မှာတောင်သူ့ကိုအလွန်အမင်းအရှက်ရအောင် မလုပ်ခဲ့ချေ။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Where stories live. Discover now