နှစ်ပေါင်းများစွာကြာ အတူရှိနေခဲ့ကြပြီး အလွန်များပြားသောအခက်အခဲတို့ကို ဖြတ်သန်းခဲ့ကြသော သူနှင့်ကုယောင်ယန်မှာ အလွန်အရေးမပါသောအသေးအဖွဲ့အရာလေးတစ်ခုကြောင့် သုံးရက်ကျော်မျှ စစ်အေးတိုက်ပွဲဖြစ်နေရလိမ့်မည်ဟု လင်းယွီရန်လုံးဝကိုစိတ်ကူးကြည့်ခဲ့ဖူးခြင်းမရှိပေ။
သူ၏ကုယောင်ယန်အပေါ်နားလည်မှုနှင့်ဆိုလျှင် ထိုသူမှာ ဤသို့ရိုးစင်းသောကိစ္စတစ်ခုအပေါ် ဘယ်သောအခါမှ သဝန်တိုလိမ့်မည်မဟုတ်ချေ။
သေချာပေါက်ပင် ယခင်သူ၏သဝန်တိုမှုများကလည်း သဘာဝကျလှသည်မဟုတ်သည့်တိုင်အောင် ဒီတစ်ကြိမ်မှာတော့ ထူးဆန်းနေပုံပေါ်၏။
ပြဿနာတစ်ခုကို ရည်ရွယ်ချက်ရှိရှိဖန်တီးရန်အတွက် ရုတ်တရက်ကြီးရန်ထဖြစ်သလိုပင်။
လင်းယွီရန်ကသူနှင့်အမှားပြင်အောင် ကြိုးစားခဲ့သော်လည်း ကုယောင်ယန်ကလက်ခံရုံတင်မကသေးဘဲ ခေါင်းအုံးကိုယူကာ ဧည့်သည်ခန်းသို့ရွှေ့သွားလေတော့သည်။
လင်းယွီရန်ကညီတူညီမျှဒေါသထွက်ကာ ယနေ့တွင် အိမ်သို့ပင်မပြန်ခဲ့ပေ။ထိုအစား သူကရွှီဇယ်နှင့်အတူဆရာများအဆောင်တွင် နေခဲ့လေသည်။မတရားဟူသောခံစားချက်နှင့်အတူ သူကမကျေမနပ်ပြောလာခဲ့၏။
"သူကငါနဲ့ရန်ဖြစ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိကြိုးစားခဲ့တာလို့ ငါခံစားရတယ် ဝမ်ချီကဆင်ခြေတစ်ခုသပ်သပ်ပဲ"
ရွှီဇယ်ကဆို၏။
"သူကတကယ် သဝန်တိုတယ်လို့ခံစားနေရတာဖြစ်နိုင်တာပဲ? ယောက်ျားလေးတွေက အများအားဖြင့်
မျှဝေခံစားလိုစိတ်မရှိကြဘူး သူတို့ချစ်တဲ့သူက အခြားတစ်ယောက်ယောက်ကိုကြင်နာပြနေတာကို
သည်းခံပြီးမကြည့်နိုင်ကြဘူး"လင်းယွီရန်ကခေါင်းခါလိုက်ပြီး မချင့်မရဲဖြစ်စွာဖြင့်
သူ့လက်ချောင်းပေါ်မှလက်စွပ်ကို ကစားနေမိလေသည်။ကုယောင်ယန်မှာ ဤမျှကလေးမဆန်ပေ။ရွှီဇယ်ကကုတင်ပေါ်ပြန်မှီကာ လင်းယွီရန်ကိုအလျင်အမြန် တစ်ချက်ကြည့်လိုက်၏။သူ့တွင် ချစ်သူရည်းစားဆက်ဆံရေးမျိုး အကြိမ်ရေအတော်အသင့်ရှိခဲ့ဖူးသော်လည်း အများစုကသာမန်ကာလျှံကာခဏပန်းပျော်ပါးခြင်းသာ ဖြစ်သည်။လင်းယွီရန်၏ကြာရှည်သောအချစ်ရေးမျိုးက သူမကြုံဖူးသောအရာဖြစ်နေသဖြင့် ဘယ်လိုနှစ်သိမ့်ပေးရမည်လဲ မသိတော့ပေ။လင်းယွီရန်ကိုအာရုံပြောင်းသွားစေရန်အတွက် သူကအကြောင်းအရာကိုပြောင်းလိုက်လေသည်။
YOU ARE READING
Heart Like Brilliant Words || ဘာသာပြန် 《Completed》
RomanceTittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGoldfish (Lazy Girl Translation) Chapters: 56 Chapters (Completed) "𝗙𝗿𝗼𝗺 𝗻𝗼𝘄 𝗼𝗻, 𝗬𝗼𝘂'𝗹𝗹 𝗯𝗲 𝗮 𝗯𝗶𝗴 𝘀𝘁𝗮𝗿, 𝗮𝗻𝗱 𝗜'𝗹𝗹 �...