Chapter 3

2.9K 403 13
                                    

နောက်တစ်နေ့တွင် လင်းယွီရန်ကမသွားခဲ့ပေ။

ကုယောင်ယန်က ဘယ်လိုလူလဲဆိုတာသူသိလေသည်။သွားခဲ့လျှင်တောင် ရလဒ်ကအတူတူပင်။သူ့ကိုယ်သူ ပြက်လုံးတစ်ခုလိုမဖြစ်စေချင်ပေ။ထိုသို့တွေးလိုက်ပြီးနောက် သူကဆရာမလီကိုဖုန်းဆက်ပြီးဖြစ်ပျက်ခဲ့သမျှအား ပြောပြလိုက်၏။

ဆရာမလီကဝမ်းနည်းနေ​သော်လည်း အများကြီး တော့မပြောခဲ့ပေ။ထိုရလဒ်ကို သူမမျှော်လင့်ထားခဲ့ပြီးဖြစ်သော်လည်း ဆရာမတစ်ယောက်အနေနှင့်သူမကျောင်းသားများအတွက် အကောင်းဆုံးလုပ်ပေးချင်ခဲ့ခြင်းသာ။

"သူက ကျောင်းသားဘဝနဲ့မသင့်တော်တာပဲဖြစ်နိုင်ပါတယ်"

သူမကသက်ပြင်းချလိုက်၏။ထို့နောက် လင်းယွီရန်အား ကျေးဇူးတင်စကားဆိုကာဖုန်းချသွားခဲ့လေသည်။

ကျောင်းတက်ရန်မသင့်တော်သည့်သူများ ရှိကြလေသည်။စာကျက်သည်ကို မကြိုက်ကြသလိုစိတ်လိုလက်ရလည်း မလေ့လာကြပေ။မကြာခဏဆိုသလို သူတို့ဟာ အတင်းအကြပ်လုပ်ခိုင်းခံကြရ၏။လူတိုင်းမှာ ထိုပြဿနာကို ဖြေရှင်းရန်နည်းလမ်းအမျိုးမျိုးရှိကြလေသည်။

ဆရာမလီကနောင်တရနေသော်လည်း လင်းယွီရန်ကတော့ ထိုကဲ့သို့မခံစားရပေ။ဆန့်ကျင်ဘက်ပြောရလျှင် သူကစိတ်ထဲ၌ပင်ပျော်ရွှင်နေသေး၏။ ကုယောင်ယန်ကျောင်းကို ဘယ်တော့မှပြန်မလာရန် သူမျှော်လင့်နေမိ၏။သူတို့ဘယ်တော့မှ ပြန်မဆုံခဲ့ကြရင်တော့ အကောင်းဆုံးပေါ့။

ယခုထိုကိစ္စကို သူဖြေရှင်းပြီးလေပြီ။သူ၏အားလပ်ရက်မှာ ယခုမှတရားဝင်စတင်ခဲ့ခြင်း!

ညဝတ်အင်္ကျီကို ၀တ်ထားရင်းအိပ်ယာပေါ်၌ ပျော်ပျော်ကြီး လှိမ့်နေလိုက်၏။လှိမ့်ပြီးသည်နှင့်ရေချိုးခန်းထဲကို လျှောက်သွားလိုက်သည်။

လင်းယွီရန်သည် အတော်လေးသင့်တင့်လျောက်ပတ်သောမိသားစုတွင် မွေးဖွားခဲ့လေသည်။သူ့ဖခင်သည်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး နိုင်ငံတစ်ဝှမ်းတွင်ရှိသော ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တစ်ခုကိုပိုင်ဆိုင်ထားပြီး ၎င်းသည်လည်းလင်းကျိုးတွင် အကောင်းဆုံးဟိုတယ်များထဲမှ တစ်ခုဖြစ်လေသည်။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Donde viven las historias. Descúbrelo ahora