Chapter 11

2K 309 2
                                    

လင်းယွီရန်သည် သူပြုလုပ်သည့်အရာတစ်ခု၌ စိတ်ဆင်းရဲစွာကျရှုံးခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ချက်ပြုတ်ရာ၌ အတွေ့အကြုံမရှိသလို အမှားများစွာလည်း လုပ်ခဲ့၏။ကုယောင်ယန်ပြောပြီးသည်နှင့် သူ့မျက်နှာပေါ်ရှိပျင်းရိသောအပြုံးက လင်းယွီရန်၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လုံးဝဖျက်ဆီးပစ်လိုက်တော့သည်။

သူ့အတွက်ရည်ရွယ်ထားသည့် ထောင်ချောက်တစ်ခုမှန်း တစ်ဖက်လူသိမည်ဟုသူထင်ခဲ့မိသော်လည်း ထိုသူတကယ်ခုန်ဝင်သွားလိမ့်မည်ဟုတော့ ဘယ်သူကထင်မိမှာတဲ့လဲ?ရင်ဘတ်ကိုကိုင်ကာ တစ်ဖက်သား၏နုံအခြင်းနှင့် အဓိပ္ပာယ်မရှိသောနည်းလမ်းများကို သဘောကျနေတော့သည်။

လင်းယွီရန်သည် သူ၏အောင်မြင်မှုကိုအလွန်သေချာသည်ဟု ခံစားမိသောကြောင့် မီးဖိုချောင်ထဲသို့ ရှက်ရွံ့စွာပြန်ဝင်သွားပြီး ပန်းကန်အသစ်တစ်လုံးကို ဖြည့်ပေးခဲ့လေသည်။

ထိုညတွင်လင်းယွီရန်သည် ဧည့်ခန်းထဲတွင်အိပ်ခဲ့လေသည်။အခန်းတွင်းရှိ ဆိုဖာငယ်သည် ကူရှင်အပျော့များဖြင့် နှစ်ယောက်ထိုင်ခုံဖြစ်ပြီး လူတစ်ဦးအိပ်ရန် လုံလောက်၏။အနည်းငယ်ကျဉ်းသော်လည်း မြေကြီးပေါ်တွင်အိပ်ရခြင်းထက်တော့ ပိုအဆင်ပြေလေသည်။ထိုမနက်ခင်းတွင်လင်းယွီရန် ကုတင်ပေါ်၌ နိုးလာခဲ့လေသည်။သူအိပ်ပျော်နေစဉ်အတွင်း သူ့ကိုကုတင်ပေါ်ရွှေ့ပေးခဲ့သည့်သူမှာ ကုယောင်ယန်ဖြစ်ကြောင်း ခက်ခက်ခဲခဲပင်စဉ်းစားနေစရာမလိုပေ။

ထိုသူ့နေရာတွင်နေခြင်းကြောင့် သူ့တွင်အနည်းငယ်အပြစ်ရှိစိတ်ကရှိနေပြီးသားပင်။ထို့ကြောင့်သူဒီမှာရှိနေစဉ် အိမ်ရှင်၏အိပ်ရာကိုမသိမ်းပိုက်ချင်ပေ။၎င်းက သူ့ကိုပိုပြီးအပြစ်ရှိသည်ဟုခံစားလာရပေလိမ့်မည်။

သို့သော်ကုယောင်ယန်ကသူ့ကို ကုတင်ပေါ် ဘာကြောင့် ရွှေ့ပေးခဲ့ရတာလဲ? သူကောင်းကောင်းအိပ်မပျော်မှာကို စိုးရိမ်နေတာလား?

သို့သော် ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ... ကုယောင်ယန်ကသူ့ကိုသာစနောက်နေပြီး သူ့အကြောင်းကိုလည်း ဂရုမစိုက်ပေ။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Where stories live. Discover now