Chapter 52

1.2K 183 5
                                    

"အရမ်းနောက်ကျနေပြီကို? မင်းဘယ်သွားနေတာလဲ?"

ပြောလာသည့်အမျိုးသားမှာ အလုပ်ခရီးမှပြန်ရောက်လာခဲ့သော ကုယောင်ယန်သာဖြစ်ချေသည်။သူကလင်းယွီရန်၏ပုံဆွဲဘုတ်ကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် နှုတ်ခမ်းဖျားပေါ်၌ အပြုံးတစ်ပွင့်ကလျှပ်ပြေးသွား၏။ဤအပြုံးက ဖမ်းစားနိုင်လွန်းပြီး သူ၏ငယ်ရွယ်စဉ်ကထက်ပင် ပို၍ချောမောနေခဲ့သည်။

သို့သော် လင်းယွီရန်ကတော့အနီးကပ်မကြည့်ရဲခဲ့ပေ။သူကရှေ့သို့တိုးကာ ကမန်းကတန်းနမ်းလိုက်လေသည်။ချစ်ခင်မှုနှင့်ရင်းနှီးလွန်းသော လှုပ်ရှားမှုများက လုံးဝကိုအံဝင်ခွင်ကျဖြစ်မနေခြင်းမရှိခဲ့ပေ။မည်သို့ပင်ဖြစ်စေ သူတို့ကလက်ထပ်ထားခဲ့ကြသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ရုတ်တရက် ခပ်ခွါခွါပြုမူနေမှသာ မျက်ခုံးပင့်စရာဖြစ်ပေလိမ့်မည်။

မကြာသေးမီနှစ်များအတွင်း ကုယောင်ယန်မှာပို၍ပင်လျင်ကာ တည်ငြိမ်လာခဲ့၏။စကားတစ်လုံး သို့မဟုတ် အကြည့်တစ်ချက်ဖြင့်ပင် ရန်သူ၏အားနည်းချက်ကိုဖမ်းကိုင်ကာ အခြေအနေကိုထိန်းချုပ်နိုင်လေသည်။ဆယ့်ရှစ်နှစ်အရွယ်Gက လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ ဖျတ်လတ်စွာစတင်၍တိုက်ခိုက်တတ်သော ထက်မြတ်လျင်မြန်သည့်ကျားသစ်တစ်ကောင်ဆိုလျှင် လက်ရှိမစ္စတာကုမှာတော့ တောထဲ၌မှိန်းလျက် လက်များညစ်ပေရမည်ကိုပျင်းရိသဖြင့် သားကောင်ကသူ့ဆီရောက်လာမည်ကို စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းနေသော ခြင်္သေ့တစ်ကောင်သာဖြစ်ချေသည်။

ထိုအချိန်က လင်းယွီရန်မှာကုယောင်ယန်ကိုနားမလည်ခဲ့ပေ။သို့သော် ယခုအခါတွင်တော့ ထိုသူ့ကိုအတော်လေးကိုကောင်းစွာ နားလည်နေခဲ့ပြီဖြစ်သည်။

နောက်ဆုံးတွင်တော့ မြောက်များစွာသောရက်စက်မှုနှင့်အခက်အခဲတို့ကို သွေးဖြင့်အမှတ်အသားပြုကာ
သူ၏နာမည်အတွင်း၌ ရေးသားဖော်ပြထားခဲ့ပြီဖြစ်သည်။

၎င်းတို့အကြောင်းတွေးလိုက်ရုံဖြင့် သူ့ကျောပြင်ကနာကျင်လာသဖြင့် သေချာပေါက်ကို ယခုအချိန်၌
မည်သည့်အမှားမှမလုပ်နိုင်ပေ။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Donde viven las historias. Descúbrelo ahora