Chapter 27

1.6K 259 3
                                    

ကုယောင်ယန်က၎င်းကိုမေ့သွားမည်လားမသေချာသော်လည်း အိပ်ဆောင်သို့အပြန်လမ်းတွင်လင်းယွီရန်ကသာ၎င်းကိုပထမဆုံးမေ့သွားလေသည်။

သူသည်မစ္စတာကျန့်နှင့်ပုံဆွဲနည်းကို လေ့လာရန် အလုပ်များနေပြီး အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ကုယောင်ယန်၏စကားများကို သူ့စိတ်ထဲတွင် ခဏမျှသိမ်းထားခဲ့လေသည်။

နှစ်ယောက်သားရိုးရှင်းစွာညစာစားပြီးနောက် အတူတူ ထွက်လာခဲ့ကြပြန်၏။

မစ္စတာကျန့်သည် အိပ်ဆောင်နှင့်အနည်းငယ်ဝေးသော မြောက်ဘက်ရှိကလပ်တွင်နေထိုင်လေသည်။ လမ်းတစ်လျှောက်တွင်လင်းယွီရန်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက မစ္စတာကျန့်၏အောင်မြင်မှုများနှင့်နိုင်ငံတကာဂုဏ်သတင်းများအကြောင်း ဆက်လက်ပြောဆိုနေခဲ့လေသည်။

ထို့အပြင် သူ့တွင်ထူးခြားသောဒေါသမျိုးရှိပြီး ပွဲများ၌ပေါ်လာတတ်သည်ကရှားပါးလှသည်ဟုလည်း ကောလာဟလများထွက်နေ၏။ပန်းချီပြပွဲတစ်ခု၌ သူနှင့်တွေ့ဆုံရသည်ကကံကောင်းနေပြီဖြစ်သဖြင့် အကြံဉာဏ်အချို့တောင်းခံရန်ဆိုသည်က သူ့အတွက်တော့ တကယ်ကိုခက်ခဲလှပေသည်။

လင်းယွီရန်က အချိန်အတော်ကြာစကားပြောနေခဲ့သော်လည်း ကုယောင်ယန်ကတုံ့ပြန်ခြင်းမရှိပေ။ ထိုအစားထိုသူသည် သူ့ဘေးနားတွင်လျှောက်နေရင်းစီးကရက်တစ်လိပ်ကိုသောက်ကာ သူ၏စကားစမြည်ပြောနေမှုကို နားမကြားသူလိုသာပြုမူနေ၏။

"ကုယောင်ယန်"

"ဟင်?"

လင်းယွီရန်ကရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် တိုးလျစွာမေးလာ၏။

"ငါဒီအကြောင်းပြောနေတာကို နားထောင်ရတာ မကြိုက်ဘူးလား?"

ကုယောင်ယန်ကပြန်ဖြေလာ၏။

"အဆင်ပြေပါတယ်"

ထိုကောင်လေး မစ္စတာကျန့်အကြောင်းလျှော့ပြောနိုင်လျှင် ပိုကောင်းပေလိမ့်မည်။

လင်းယွီရန်သည်တုံ့ဆိုင်းသွားသော်လည်း ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောလာ၏။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Where stories live. Discover now