Chapter 48

1.3K 200 6
                                    

လင်းယွီရန်မှာ သူ၏ထိုစကားအတွက် တန်ဖိုးကြီးကြီးပေးခဲ့ရလေသည်။တစ်ပတ်လုံး မှောက်ခုံသာအိပ်ခဲ့ရပြီး ပန်းချီဆွဲနေချိန်၌ပင် မတ်တပ်ရပ်နေခဲ့ရ၏။

အစက ကုယောင်ယန်မှာသူ့အားဂရုစိုက်ပေးရန်အတွက် သွားမယ့်ကိစ္စကိုရွှေ့ဆိုင်းချင်သည့်တိုင်
လင်းယွီရန်ထံမှ အတင်းအကြပ်တွန်းထုတ်ခြင်းကို ခံခဲ့ရလေသည်။အထူးသဖြင့်တစ်ယောက်ယောက်ဖျားနာခြင်း သို့မဟုတ် ဒဏ်ရာရခြင်းကဲ့သို့ အခြားကိစ္စများအတွက်တော့ ခဏမျှနေပေးရန်ဆိုသည်က လက်ခံ၍ရနိုင်ပေသည်။

ဒါပေမဲ့ ဒီလိုအကြောင်းအရင်းမျိုးအတွက် နေပေးမယ်ဆိုတာက အရမ်းရှက်စရာကောင်းတယ်လေ ဟုတ်တယ်မလား?

သူ့ကိုယ်စားလှယ်က သူကျန်နေခဲ့ရတဲ့အကြောင်းအရင်းကိုမေးလာရင် ကုယောင်ယန်ကဘယ်လိုဖြေမှာတဲ့လဲ?

ထိုသူကတော့ သေချာပေါက်ကိုတည့်တိုးပြောပေလိမ့်မည်:

"ကျွန်တော့်ကောင်လေးက အဲ့တာကိုမကိုင်တွယ်နိုင်လို့ပါ ကျွန်တော်က သူမထနိုင်လောက်တဲ့အထိ
ခြေပစ်လက်ပစ်လုပ်လိုက်မိလို့လေ အဲ့ကြောင့် ကျွန်တော်အိမ်မှာနေပြီး သူ့ကိုဂရုစိုက်ပေးဖို့လိုအပ်တယ်"

လင်းယွီရန်က ချက်ချင်းခေါင်းခါလိုက်ပြီး ထိုကိစ္စအားဖြစ်လာခွင့်ပြုမည့်စိတ်ကူးအား ငြင်းဆန်ပစ်လိုက်၏။

ကုယောင်ယန်ထွက်သွားပြီးနောက် နိုင်ငံတကာလက်ဝှေ့ရက်သတ္တပတ်က သက်ဝင်မြူးကြွမှုအပြည့်ဖြင့် စတင်ခဲ့ပြီး ကုယောင်ယန်မှာ လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ အောင်ပွဲများစွာဖြင့်ကျန်နေခဲ့ကာ ပိုမိုအားပေးသောပရိသတ်များ များပြားလာခဲ့တော့သည်။သို့သော်လည်း သူကပြန်လာရန်အချိန်မရှိလောက်အောင် အလုပ်များလာခဲ့ပြီး ရံဖန်ရံခါဖုန်းခေါ်ဆိုမှုများကပင် သူ၏အစီအစဉ်ထဲမှ ကြံဖန်အချိန်ပေးနေခဲ့လေသည်။

တစ်ချိန်တည်းမှာပင် လင်းယွီရန်၏စာမေးပွဲများက တဖြည်းဖြည်းနီးကပ်လာခဲ့၏။ဘာတစ်ခုမှမချွတ်ယွင်းကြောင်းသေချာစေရန်အတွက် သူသည်ပန်းချီဆွဲခြင်းနည်းပညာများကို ထပ်ခါထပ်ခါလေ့ကျင့်ခဲ့ပြီး မကြာခဏဆိုသလို ညဉ့်နက်သည်အထိလေ့ကျင့်ခဲ့သည်။သူသည် တစ်နေ့လျှင်နာရီအနည်းငယ်သာအိပ်ပြီး နောက်တစ်နေ့၌ ဆက်၍လေ့ကျင့်ရန်အတွက် အလုပ်ခန်းသို့သွားခဲ့လေသည်။ယခင်
လက မစ္စတာကျန့်က သူပညာသင်ဆုအတွက်လျှောက်ထား၍ရနိုင်ပြီဖြစ်ကြောင်း ပြောလာခဲ့သည်အထိ
အလုပ်ခန်းတွင်သာနေခဲ့ပြီး ထို့နောက်မှသာ အမှန်တကယ်စိတ်အေးလက်အေးဖြစ်သွားခဲ့လေသည်။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Wo Geschichten leben. Entdecke jetzt