Chapter 2

3.1K 448 11
                                    

လင်းကျောင်းကျောင်းသည် လင်းယွီရန်၏ အမည်ပြောင်ဖြစ်လေသည်။ ကျန်းမာသန်စွမ်းသော လူငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရာ ၎င်းသည်အခြားသူတစ်ဦးထံမှရရှိသော ပထမဆုံးအမည်ပြောင်ဖြစ်၏။

သူ၏မူလဖြူဖျော့ဖျော့မျက်နှာသည် ချက်ချင်းပင် နီရဲလာတော့သည်။ အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားပြီးနောက် ပြောလိုက်၏။

"ငါ့နာမည်က လင်းကျောင်းကျောင်းမဟုတ်ဘူး"

ကုယောင်ယန်က သူ့ရှေ့၌စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး

"တကယ်လား?ဒါဆို မင်းနာမည်ဘယ်လိုခေါ်လဲ?"

"ငါ့နာမည်က...."

"အငိုသန်တဲ့ကလေးလေးလင်းလား?"

ကုယောင်ယန်က မျက်ခုံးများကိုပင့်လျက်လင်းယွီရန်ကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ ကြားဝင်ဖြတ်ပြောလာ၏။

လင်းယွီရန်သည် သူနှင့်အငြင်းမပွားချင်တော့ဘဲ ကျောင်းလွယ်အိတ်ကိုဖွင့်ကာ အတန်းပိုင်ဆရာမထံမှ လက်ရေးစာတစ်စောင်ကိုထုတ်ပြီး ကုယောင်ယန်အား ပေးလိုက်၏။ထို့နောက် သူသည်မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။

"ဆရာမလီက မင်းအတန်းပြန်တက်မယ်လို့မျှော်လင့်နေတယ် မကြာခင်မင်းရဲ့ အထက်တန်း တတိယနှစ် ရောက်တော့မယ် မင်းရဲ့လေ့လာမှုတွေကို အလဟဿမဖြစ်ပါစေနဲ့လို့ သူမျှော်လင့်ပါတယ်တဲ့"

ကုယောင်ယန်သည် စာအိတ်ကိုတစ်ချက်ကြည့်လိုက်သော်လည်း လက်မခံပေ။

လင်းယွီရန်က ဆက်ပြောလိုက်၏။

"ဆရာမလီပြောချင်တဲ့အရာအားလုံးက အဲ့ထဲမှာရှိနေတယ် မင်းကိုယ်တိုင်ဖတ်လိုက်လို့ရတယ် ငါအိမ်ပြန်တော့မယ်"

ကုယောင်ယန်ကသူ့ကိုလျစ်လျူရှုပြီး လက်ထဲ၌စီးကရက်တစ်လိပ်ကိုင်ပြီးဘားလမ်းထဲကို လျှောက်သွားလိုက်၏။

"ကျေးဇူးပြုပြီး လက်ခံပါ"

လင်းယွီရန်ကမျက်မှောင်ကြုတ်လိုက်သည်။သူ့ကိုဆွဲကာ စာကိုထပ်ပေးလိုက်၏။

ကုယောင်ယန်က သူ့ကိုမေးလာခဲ့လေသည်။

"ငါကဘာလို့ လက်ခံရမှာလဲ?"

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Donde viven las historias. Descúbrelo ahora