Chapter 23

1.6K 288 4
                                    

ရိုးရိုးရှင်းရှင်းစကားစမြည်ပြောပြီးနောက် လင်းယွီရန်သည် video callကို ကမန်းကတန်းချပစ်လိုက်၏။လင်းယွီရန်သည် ယနေ့တွင် အနည်းငယ်ထူးဆန်းစွာပြုမူနေမိပြီး အိပ်ရာဘေးမှဖန်ခွက်အလွတ်ကိုကြောင်တက်တက်ဖြင့် စိုက်ကြည့်နေပြန်လေသည်။

နောက်ဆုံးအကြိမ် လက်ဝှေ့နှင့်ပတ်သက်သည့် အချက်အလက်ကိုရှာဖွေသောအခါ ၎င်းသည် သူငယ်ချင်းတစ်ဦးကို ကူညီခြင်းသာဖြစ်သည်ဟု ခံစားခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သူကုယောင်ယန်၏ခန္ဓာကိုယ်ကို ကြည့်လိုက်မိရာ...၎င်းနှင့်ပတ်သက်ပြီးထူးဆန်းသောခံစားချက်တစ်ခုရှိခဲ့သော်လည်း ထိုခံစားချက်မှာ ဘာကိုဆိုလိုတာလဲ?

သူမနာလိုဖြစ်နေခဲ့တာလား? ဒါမှမဟုတ် အဲ့တာက....လိင်ပိုင်းဆိုင်ရာဆန္ဒလိုမျိုးလား?

လင်းယွီရန်ကမတုံးပေ။အစပိုင်း၌ ကိစ္စတော်တော်များများကသူ့အတွက်မရှင်းလင်းသော်လည်း သူရှေ့၌ဖြစ်ရပ်မှန်များကရှိနေခဲ့လျှင်တော့ သူ၎င်းတို့ကိုလွန်လွန်ကျူးကျူးငြင်းမည်မဟုတ်။

သို့သော်လည်း အလွန်ထူးဆန်းလှ၏။

သူယောက်ျားလေးများကိုကြိုက်ခြင်း၊မကြိုက်ခြင်းက ကိစ္စမရှိသော်လည်း သူကြိုက်ခဲ့လျှင်ပင် သူ၏တစ်ဖက်သတ်ချစ်ရသူမှာကုယောင်ယန်မဖြစ်သင့်သလို ၎င်းကလုံးဝကိုလက်တွေ့မကျပေ။

သိသာလှ၏။လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ကိုမုန်းတီးခဲ့ပြီး သူ့အပေါ်ထားရှိသည့်သဘောထားကို အနည်းငယ်ပြောင်းလိုက်သော်လည်း ယခုတော့ထိုသူ့ကို သဘောကျနေမိပြီလား? ဒါကလွယ်လွန်းနေတယ်မဟုတ်ဘူးလား? ကုယောင်ယန်အတွက်​​သူ့မှာအကောင်းမြင်စိတ်များ အများအပြားရှိနေကြောင်း မငြင်းနိုင်သော်လည်း တစ်ဖက်လူအပေါ်ခံစားချက်များ ရုတ်ချည်းဖြစ်ပေါ်လာရန်ဆိုသည်က မဖြစ်နိုင်ဘူး မဟုတ်လား?

၎င်းကမြင်မြင်ချင်းအချစ်မျိုး မဟုတ်ပေ။

ခဏလေး မြင်မြင်ချင်းအချစ်.....လင်းယွီရန်ကထိုစကားလုံးလေးလုံးကြောင့် ခဏမျှတုံဆိုင်းသွားသော်လည်း ချက်ချင်းပင်ခေါင်းကိုခါလိုက်၏။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Where stories live. Discover now