"Hansung ပုဂ္ဂလိက ဆေးရုံ"
VVIP roomထဲ၌ ပတ်တီးပေါင်းမြောက်မြားစွာနဲ့လဲလျောင်းနေတဲ့. J Collection ရဲ့တစ်ဦးတည်းသောသား Jeon Jungkook
Jeon Jungkookက အပျော်တမ်း motor bikerတစ်ဦး...။
ထိပ်တန်းစီးပွားရေးလုပ်ငန်းဖြစ်တဲ့"J collection"ရဲ့ ဆက်ခံသူက မောက်မာပြီးဆိုးသွမ်းတယ်ဆ်ိုတဲ့ သတင်းတွေရယ်..ပွေရှုပ်လွန်းတယ်ဟူသော ဂုဏ်ပုဒ်တွေရယ်နဲ့ ပြည့်စုံသူ။
Undercutညှပ်ထားသည့်hairstyleရယ်...မျက်ခုံးနဲ့နှုတ်ခမ်းထောင့်စွန်းမှာဖောက်ထားတဲ့ အပေါက်တွေ။
နားမှာလည်း နားကွင်းသေးသေးလေးတွေ အများကြီးထပ်ဝတ်တတ်သေးတာ။
ညာဘက်လက်တစ်ခုလုံးက လက်ရာမြောက်ရေးဆွဲထားတဲ့စုတ်ချက်တွေရယ် အမြဲတမ်းအနက်ရောင်ကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်တတ်တဲ့ Jeon Jung Kookက တကယ့်ဂျစ်ပစီ။
Jeon Jung Kookရဲ့တနေ့တာ လုပ်ငန်းဆောင်တာက သူ့ရဲ့မြောက်များစွာသော ရည်းစားတွေထဲက တစ်ယောက်နဲ့အချိန်ဖြုန်းမယ်..ဆိုင်ကယ်ပြိုင်မောင်းမယ်...clubမှာသောက်စားပျော်ပါးပြီး သဘောကျတဲ့သူနဲ့ တစ်ညတာကုန်ဆုံးလိုက်တာပါပဲ...။
ရန်ပွဲတိုင်းလည်း Jeon Jung Kookတို့ကထိပ်ဆုံးက။
အဲ့ဒီလို မိုက်ကျွတ်ကျွတ်နဲ့ လူမိုက်လေးကိုမှ ပစ်ကြွေနေတဲ့သူတွေကတစ်ပုံကြီး။ရည်းစားတစ်ယောက်ကို တနေ့ထက်ပိုမတွဲတတ်တဲ့Jeon Jungkookက အသည်းခွဲတဲ့နေရာမှာproကျသည်။
Jeon Jungkookရဲ့ အရှုပ်ထုတ်ပြသနာဟူသမျှကို မိခင်ဖြစ်သူက ငွေထုတ်ပိုက်ပြီးဒိုင်ခံရှင်းပေးသေးတာ။
အဲ့တာကြောင့်လည်း Jeon Jungkookကပျက်စီးနေတာ။
Igမှာ followerသန်းချီရှိတဲ့ JeonJungkookက ရုပ်ရှင်မင်းသားမင်းသမီးထက်တောင် နာမည်ကြီးပါ၏။
မိန်းကလေးတွေရဲ့သည်းသည်းလှုပ်အချစ်ခံ လူမိုက်လေးက ယောက်ကျားလေးအချင်းချင်းအတွက်တော့ မျက်မှုန်းကျိုးချင်စရာ။
ချောပေ့လှပေ့ဆိုတဲ့မိန်းကလေးတွေကအစ...နာမည်ကြီးmodel မင်းသမီးတွေအထိ Jeon Jungkookကြောင့်အသည်းမကွဲဖူးတဲ့သူမရှိ။
![](https://img.wattpad.com/cover/305412389-288-k299445.jpg)