Clubတစ်ခုအတွင်းမှ နမ်းရှိုက်နေကြသည့် JeonJungkookနှင့်KimTaeHyung၏ပုံရိပ်....
"ဝုန်း!***
လက်တော့ပ်ကို ပစ်ပေါက်လိုက်ပြီး စားပွဲခုံပေါ်သို လက်သီးဖြင့်တစ်ချက်ထုလိုက်သည်။
ခပ်တင်းတင်းဆုပ်ထားသည့်လက်သီးတွေရယ် ထောင်ထနေသည့် လည်ပင်းကျောတွေက သူ၏ဒေါသအတိမ်အနက်ကိုသိနိုင်သည်။
KimTaeHyung....။
ဘယ်လောက်တောင်ရူးသွပ်ခဲ့ရသလဲ...?
အဲ့ဒီရှုပ်ပွေတဲ့ JeonJungkookဆိုတဲ့ကောင်က သေချာပေါက်KimTaeHyungကိုကစားနေတာ။
နီးစပ်နိုင်ဖို့ အနားထိရောက်လာအောင် ဘယ်လောက်တောင်အချိန်ယူခဲ့ရသလဲ။
ဘာလို့ငါက ပွဲမစခင်ကတည်းက ရှုံးနိမ့်နေရတာလဲ?
KimTaeHyung၏ အဲ့ဒီကောင်ပေါ်ကိုကြည့်တဲ့အကြည့်...မြတ်နိုးခြင်းအတိပျော်ဝင်နေတဲ့အကြည့်တွေ...။
ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို မြတ်နိုးစွာငေးကြည့်နေခဲ့သည့်KimTaeHyung....။
အဲ့ဒီအကြည့်တွေကို ငေးကြည့်နေရတာ နာကျင်ရလွန်းလို့ရူးမတတ်ပါပဲ။
ခပ်ပြင်းပြင်း ဝီစကီတစ်ခွက်ကို ပုလင်းလိုက်မော့ချပစ်လိုက်မိသည်။
အဲ့ဒီအခါးထက် နှလုံးသားတစ်ခုလုံးက ခါးသက်ကာပူလောင်နေလေတာ။
ဆေးလိပ်ပြာခွက်ထဲ၌ ပြန့်ကျဲနေသည့် ဆေးလိပ်တိုတွေ။
အခုသူ့ပုံစံက တကယ့်ကိုအသည်းကွဲနေသည့်အရှုံးသမားလို။
လက်ညှိုးညွှန်ရာ ရေဖြစ်သည့်ဘဝမှာ KimTaeHyungရဲ့ အချစ်ဆိုသည့်အရာတော့မပါဝင်ခဲ့။အစကတည်းက ငါဟာ အရှုံးသမားဖြစ်ခဲ့တာကို ဘာတွေများဆက်ပြီးမျှော်လင့်နေရအုံးမှာလဲ....။
ဒီနေ့က JeonJungkookပထမဆုံးအလုပ်ဝင်သည့်နေ့။
ထားနေကျရှိတ်ထိုးထားသည့် ခပ်ရှည်ရှည်ဆံပင်တွေကို သေသပ်စွာ ညှပ်ထားပြီး Gelနှင့်လှန်တင်ထားတာကြောင့် ချောမော့ခန့်ညားသည့်မျက်နှာက အထင်းသား။
မျက်ခုံးထောင့်စွန်း၌ ဖောက်ထားသည့် piercing ရယ်....နှုတ်ခမ်းထောင့်၌ ဖောက်ထားသည့်အရာကတော့ ပြောင်းလဲမှုမရှိပေ။