အချိန်တိုအတွင်းမှာပင် ရုတ်ချည်းဖြစ်ပျက်သွားသည့်အဖြစ်ပျက်များက မြန်ဆန်လွန်းသည်။
ကျွန်တော့်ဆီလှမ်းလာနေတဲ့ Jeon ကို ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သွားခဲ့တာ။
ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့Jeon...
တဝီဝီမြည်နေတဲ့ လူနာတင်ကား...
Emergency roomရှေ့၌ ယောက်ယက်ခပ်နေတဲ့ ဆရာဝန်တွေရယ်....
အရာအားလုံးက ရင်ထဲ၌ ဗလာနတ္ထိ။
လွန်ခဲ့သည့် စက္ကန့်ပိုင်းအတွင်းကမှ ကျွန်တော်နဲ့အတူ ပျော်ရွှင်နေခဲ့တဲ့ ကျွန်တော့်ကောင်လေးက....မျက်လုံးများမှိတ်ကာ ငြိမ်သက်လျက်...။
"ဒေါက်တာ!...ကျေးဇူးပြုပြီး ကျွန်တော့်ကောင်လေးကို ရအောင် ကယ်တင်ပေးပါ!..ကျွန်တော်က ဒီလိုမျိုး တောင်းဆိုပါတယ်..."
သွေးရူးသွေးတမ်းနှင့် ကျွန်တော်ဟာ emergency roomရှေ့၌ ထိုဆရာဝန်အား ရှိခိုးမတတ် တောင်းဆ်ိုမိပြန်သည်။
"doctor kim.....စိတ်အေးအေးထားပါ!..ကျွန်တော်တို့က အစွမ်းကုန်ကြိုးစားနေပါတယ်...."
လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ထိုဆရာဝန်က TaeHyungကို လက်မောင်းကနေဆွဲထူလျက် နှစ်သိမ့်သည်။
ခုချိန်မှာ ခေါင်းထဲ၌ ဘာမှမရှိပါ..ကျွန်တော့်ရဲ့Jeon ကို ကယ်တင်နိုင်ဖို့ကလွဲလို့။
ကိုယ်တိုင်က ဆရာဝန် တစ်ယောက်ဖြစ်နေပါသော်လည်း စိတ်တွေမတည်မငြိမ်ဖြစ်နေတာကြောင့် ခွဲစိတ်ဓားကိုင်ဖို့ရာမဖြစ်န်ိုင်။
အတော်ဆုံး အကောင်းဆုံးသော ဆရာဝန်တွေနှင့်သာ လက်လွှဲထားရသည်။
Emergency roomရှေ့၌ ဆောက်တည်ရာမရဖြစ်နေတဲ့ ခန္ဓာက်ုယ်က ယိုင်နဲ့နဲ့။
လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ပြီး ရှိသမျှဘုရားပေါင်းစုံကို တိုင်တည်မိသည်...
ကျေးဇူးပြု၍....ကျွန်တော့်Jeonကို ကယ်တင်ပေးပါဘုရားသခင်...။
ကျွန်တော် သူ့ကို သိပ်ချစ်တာမို့ပါ....
ကျေးဇူးပြု၍...ကျွန်တော့်ကောင်လေး အန္တရာယ်ကင်းပါစေ....။
"Tae!......."