//18//

15.2K 1K 36
                                    

တစ်ပတ်ပြန်လည်လာခဲ့ပြီဖြစ်တဲ့ ရုံးပိတ်ရက်...

KimTaeHyungမပါဘဲ ပထမဆုံးဖြတ်သန်းရမည့်holiday....။

အထီးကျန်သလိုလိုတော့ရှိသား။

ဒီချိန်ဆို KimTaeHyungကရော ဘာလုပ်နေမလဲ...?

ဘယ်နေရာမှာ ဘယ်သူတွေနဲ့ရှိနေမလဲ...?

UE CEOနဲ့KimTaeHyung၏ ဆက်ဆံရေးက ဘာတွေလဲ..?

စသည့် question markပေါင်းများစွာနှင့်မေးခွန်းတို့ကအစီအရီ..။

ညကလည်း အဲ့ဒီKimTaeHyungအကြောင်းတွေးနေရတာနဲ့ ကောင်းကောင်းအိပ်မရ။

မနက်ခင်းworkoutလုပ်ပြန်တော့လည်း လိုက်ရှုပ်တတ်သည့်KimTaeHyung၏ပုံရိပ်ကို မြင်ယောင်မိပြန်သည်။

KimTaeHyungက လွှမ်းမိုးလွန်းနေတာမဟုတ်ဘူးလား..?

ဘယ်သူမှ လွှမ်းမိုးခြင်းမရှိစေရ ဆိုတဲ့Theoryတွေလည်း ယိုင်နဲ့စပြုပြီ..။

ပျင်းပျင်းရိရိရှိတာနဲ့ Eunwooတို့နဲ့ ချိန်းလိုက်သည်။စုံစမ်းခိုင်းထားသည့်ကိစ္စလည်း တစ်ခါထဲသိရအောင်လို့...။

ထိုင်နေကြ cafeတစ်ခုမှာ ထိုင်ရင်းEunwooတို့အလာကိုစောင့်နေမိသည်။

ဆယ့်ငါးမိနစ်ခန့်ကြာမှရောက်လာကြသော Eunwooနှင့်Jaehyun။

ခါတိုင်းဆုံကြဖို့ချိန်းလျှင် အမြဲလို နာရီဝက်လောက်နောက်ကျပြီးမှ ရောက်လာတတ်သည့်JeonJungKookက ယခုမူ သူတို့ထက်စောရောက်နေတာကြောင့် အထူးအဆန်းတွေကိုဖြစ်လို့။

မျက်တွင်းဟောက်ပက်နှင့် JeonJungkookက လဒမှိုင်မှိုင်နေလေတာ။

ဧကန္တ!..ဒီကောင် အသည်းကွဲနေတာများလား.????

"စောစောစီးစီး မျက်ခွက်က ဘာဖြစ်နေတာ..?"

Jaehyunက ခုံတစ်ခုံကိုဆွဲယူရင်းမှ အမေးရှိသည်။

JeonJungkookပုံစံက ပြန်ဖြေချင်သည့်ပုံမပေါ်ပါ။

"ငါစုံစမ်းခိုင်းထားတဲ့ က်ိစ္စ...."

သူ့ကိုအရေးမလုပ်ဘဲEunwooဘက်သို့လှည့်ကာမေးသည်။

"LeeEunSooရဲ့ ရည်းစားက ဆေးမှုနဲ့တရားဆွဲခံထားရတယ်....အဲ့ဒီအမှုကိုဖြေရှင်းဖို့ ငွေလိုနေပုံရတယ်...ပြီးတော့ LeeEunsooရဲ့ပိုင်ဆိုင်မှုတွေက အဲ့ကောင်ကြောင့်ကုန်သလောက်နီးပါးပဲ...."

"Let's  Not Fall In Love"(complete)Where stories live. Discover now