//14//

14K 1K 8
                                    

တနေကုန် ပင်ပမ်းသမျှကို Eunwooတို့နှင့် Clubသွားကာ ဖြေဖျောက်ပစ်မည်ဖြစ်သည်။

ခုရက်ပိုင်း အလုပ်တွေကြောင့်ရော KimTaeHyungကြောင့်ပါ stressတွေသိပ်ပ်ိနေသည်မဟုတ်ပါလား။

KimTaeHyung...အဲ့ဒီလူကြောင့် စိတ်တွေခနခနရှုပ်ထွေးရသည်။

KimTaeHyungနှင့်ပတ်သတ်သည့် ခံစားချက်က ပုစ္ဆာတစ်ပုဒ်လိုမျိုး ပဟေဠိဆန်သည်။

KimTaeHyungကို အနားမှာပဲခေါ်ထားချင်သည်။KimTaeHyungရဲ့ အပြုံးတွေက ဒီJeonJungKookအတွက်သာဖြစ်ရမည်။

သို့ပေမယ့် ထပ်ပြီးချစ်မိမှာကိုကြောက်သည်။

အချစ်ကြောင့် သေလောက်အောင် နာကျင်ပြီးခဲ့ပြီမဟုတ်လား။

နောက်တစ်ကြိမ်ဆိုတဲ့အဖြစ်ပျက်မျိုး..ထပ်ပြီးလက်ခံတော့မဟုတ်။

အတ္တကြီးစွာနဲ့ အချစ်ဆိုသည့် ခေါင်းစဥ်ကို လျစ်လျူရှုပြီး KimTaeHyungကို အနားခေါ်ထားချင်သည်။

မျက်လုံးမှိတ်လိုက်တိုင်း KimTaeHyungရဲ့မျက်နှာကိုသာမြင်ယောင်နေသည်။

အားတိုင်းတွေးမိတာက KimTaeHyungအကြောင်း။

သေချာတယ်..ဒီJeonJungKookက ရူးနေတာ။

Clubထဲသို့ဝင်လိုက်သည်နှင့် ဆူဆူညံညံကခုန်နေသည့်အသံများ။

JaeHyunက မိမိကိုမြင်သည်နှင့်လက်လှမ်းပြသည်။

JeonJungKookဝင်လာသည်နှင့် မဒီတစ်သိုက်က ငေးကနဲ။

ဆံပင်ကိုဟန်ပါပါသပ်တင်လိုက်တော့ "wow"ကနဲ။

အဲ့ဒါကိုကြည့်ပြီး Eunwooက လှမ်းမဲ့ပြသည်။

ဘယ်လိုလဲဆိုပြီး မျက်ခုံးတစ်ချက်ပင့်ပြ​လိုက်တော့ Jaehyunကို အန်ချင်သလိုလုပ်ပြသည်။

Shit!..ဒီကောင်တွေကတော့!!..

"အဟား...JeonJungKookကြီးက ပေါ်လာသေးတယ်နော်...ငါတို့က လူလိမ္မာလေးဖြစ်သွားပြီထင်လို့..."

အရင်က JeonJungkookက နေ့တိုင်းclubတက် ရန်ဖြစ်ကို ထမင်းစားရေသောက်လိုလုပ်နေတာကြောင့် အဲ့ကောင်တွေက ခနဲ့နေတာ။

"မင်းအဖေက အလုပ်နဲ့အကိုင်နဲ့ကွ!..အလုပ်လက်မဲ့တွေလို ​အားယားမနေဘူး..."

"Let's  Not Fall In Love"(complete)Where stories live. Discover now