ဆရာဝန်မခေါ်ဘဲ ပေကပ်နေသည့် JeonJungkookက တော်တော်နှင့်အဖျားမကျ။
ညဘက်ရောက်တော့ အပူကြီးလာပြီး ကယောင်ကတမ်းတွေပြောတော့သည်။
Jungkookမာမီကလည်း အရေးကြီးအလုပ်ကိစ္စပေါ်လာတာကြောင့် Eunwooနှင့်Jaehyunကို Jungkookအား စောင့်ကြည့်ရန်အကူညီတောင်းထားရသည်။
"အားရှ်!....ပူကျစ်နေတာပဲ!...Eunwoo!..ဆရာဝန်ကိုဖုန်းဆက်!...."
Jaehyunက Jungkookနဖူးကိုစမ်းကြည့်ရင်းမှလှမ်းပြောသည်။
"အဆင်ပြေပါ့မလား ဆက်လို့..."
Eunwooက ဖုန်းscreenကိုကြည့်ရင်းမှတွန့်ဆုတ်ဆုတ်ဖြစ်နေသည်။
"ဘာလို့မပြေရမှာလဲ..?Jeon Jungkookက တကယ်နေမကောင်းဖြစ်နေတာကို..."
"အော...အဲ့တာဆို ငါဆက်လိုက်မယ်.....မင်းကရေပတ်ကပ်ပေးထား..."
သူတို့သူငယ်ချင်းတွေက အပြောဆိုးကြပေမယ့် စိတ်ရင်းနဲ့ပေါင်းတဲ့ကောင်တွေဖြစ်သည်။တစ်ယောက်ဒုက္ခဖြစ်ရင် ကျန်နှစ်ယောက်ကမနေနိုင်။အခုလည်း JeonJungkookကို ပြုစုနေရတာသာကြည့်တော့...။
Jaehyungက ရေဇလုံထဲ၌ ပုဝါအပါးစကိုနှစ်ရင်းမှ JeonJungkookနဖူးပေါ်တင်ပေးထားသည်။
"ဟင်း.....Tae........"
JeonJungkookရဲ့ကယောင်ကတမ်း ညီးသံ။
ဒေါက်တာရဲ့နာမည်ကိုညီးနေတာ။JeonJungkookက မချစ်ဘူးဆိုတာအပိုပြောတာ။ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့တာကြောင့် တစ်ယောက်စိတ်တစ်ယောက်သိသည်။JeonJungkookက ချစ်လျက်နဲ့ခေါင်းမာမာနဲ့ ငြင်းဆန်နေတော့ အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်ကြခြင်း။JeonJungkookနဲ့ဒေါက်တာနဲ့မြန်မြန်အဆင်ပြေကြရင်ကောင်းမယ်...။မဟုတ်ရင် JeonJungkookရုပ်ကြည့်နေရတာ အနှစ် နှစ်ဆယ်လောက်အိုစာသွားသလိုပဲ။
အဖွဲ့ထဲမှာ JeonJungkookက ခေါင်းအမာဆုံးနဲ့ ဂျစ်တိဂျစ်ကန်အနိုင်ဆုံး။
အဲ့ကောင်က အတေးအမှတ်လည်းကြီးသေးသည်။စိတ်မထင်ရင်မထင်သလို တဇွတ်ထိုးအကျင့်ကရှိသေး။
တော်ရုံတန်ရုံဆို သူတို့ကလွှတ်ထားတတ်ပြီးအလွန်ကျူးဖြစ်မှသာ ဝင်ထိန်းပေးလေ့ရှိသည်။