!ကျွီ!!!......
ဘရိတ်စောင့်အုပ်လိုက်သံကြောင့် မှိတ်ထားသည့်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ကားပေါ်ကနေ ဒရောသောပါးပြေးဆင်းလာသည့် Thor....
"Tae!!...TaeHyung!!!...."
TaeHyungက ငူငူကြီးရပ်နေပြီး ပါး
နှစ်ဖက်မှာလည်းမျက်ရည်စီးကြောင်းတွေနဲ့။အခု KimTaeHyungရဲ့ပုံစံက စိတ်လွတ်နေသည့်ပုံစံမျိုး။
သိပ်လှတဲ့မျက်ဝန်းတွေက ကွဲကြေနေဟန်ရှိသည်။
KimTaeHyungရဲ့ အဲ့ဒီပုံစံက သူ့ကိုသေလောက်အောင်နာကျင်စေတယ်။
Thorက TaeHyungရဲ့ပုခုံးနှစ်ဖက်မှ ဆုပ်ကိုင်လိုက်ရင်းက
"TaeHyung!..ပြောစမ်း!..ဘာဖြစ်လာတာလဲ..?ကိုယ်စိတ်ပူလွန်းလို့ ရူးတော့မှာပဲ!.."
Thorရဲ့အသံက ဒေါသသံစွက်နေတာကြောင့် ခပ်မာမာပင်ထွက်သွားရသည်။
TaeHyungကမူ တုပ်တုပ်မျှမလှုပ်။မျက်ရည်များသာစီးကျလို့နေသည်။
"ကျစ်!..ဟာကွာ!!!..."
Thorက အားမလိုအားမရနဲ့ စုတ်သပ်ပြီး TaeHyungရဲ့ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းကာပွေ့ဖက်ထားသည်။
ရုန်းလည်းမရုန်းဘဲ ပုခုံးပေါ်ပါးအပ်ကာ တအီအီငိုချလာတဲ့ KimTaeHyungကြောင့် သူ့အကျင်္ီပုခုံးစွန်းဟာစိုစွတ်သွားရသည်။
ဘာမေးမေး ဖြေမယ့်ပုံမရတဲ့ KimTaeHyungကြောင့် ကျောပြင်ကိုခပ်ဖွဖွပွတ်ကာ နှစ်သိမ့်ပေးရုံမျှသာ တတ်နိုင်တော့သည်။
Thorရဲ့ပွေ့ဖက်မှုကိုမငြင်းဆန်နိုင်ပဲ ပုခုံးပေါ်ပါးအပ်ကာ ငိုချမိသည်။
နွေးထွေးစွာနဲ့ပွေ့ဖက်နှစ်သိမ့်ပေးမယ့် ရင်ခွင်ကျယ်တစ်ခုကို အရမ်းတောင့်တနေတာမို့။
ဘယ်လောက်တောင်အားတင်းထားခဲ့ရသလဲ?
ဒီနေ့တစ်နေ့တော့ အရာအားလုံးကိုလွှတ်ချပြီး ပြိုလဲပါရစေတော့လား။
ဘယ်လောက်ပဲ မာနကြီးပြီး စိတ်ဓာတ်မာကျောချင်ယောင်ဆောင်ထားခဲ့ပေမယ့် တကယ်တမ်းသူက JeonJungKookအချစ်ကို အရူးအမူးတောင့်တနေခဲ့တဲ့အချစ်ရူးသာသာရယ်။