//13//

14.4K 1K 32
                                    

JeonJungKookနဲ့ဆက်ဆံရေးက မယောင်မလည်နှင့် ရှေ့ဆက်မြဲသာ။

Mondayကနေ Fridayထိက အလုပ်ကိုယ်စီနဲ့မို့ သိပ်မတွေ့ဖြစ်ကြ။holidayရောက်မှသာ အတူတူအချိန်ကုန်ဆုံးဖြစ်ကြသည်။

Jeon JungKookက "J Collection"ကို ပဲ့ကိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေသည်။

KimTaeHyungနဲ့ ​တွဲနေတဲ့အချိန်မှာ JeonJungKookက ခြေငြိမ်သွားပြီး အလုပ်ကိုသာအာရုံစိုက်ထားဟန်ရှိသည်။

Jeonအိမ်တော်၏ တောင်းဆိုမှုကြောင့် TaeHyungက သူတို့အိမ်တော်ရဲ့ family doctorအဖြစ် ဆောင်ရွက်ပေးနေ
ရသည်။

စီးပွားရေးလုပ်ငန်းရှင်တွေ၊သမီးရှင်တွေကြားမှာ JeonJungKookက မျက်စိကျစရာဖြစ်လာသည်။

အသက်ငယ်ငယ်နဲ့ အောင်မြင်နေတဲ့ "J collection"ရဲ့ ပဲ့ကိုင်သူကို လိုချင်နေသူတွေက ဒုနဲ့ဒေး။

JeonJungKookနားမှာ ဝိုင်းအုံနေတဲ့ ပျိုမဒီတွေ။

အရင်က JeonJungKookဆိုရင် အပျော်လေးတွေ ဖန်တီးဖြစ်မှာဆိုပေမယ့် ယခုမူ အလုပ်သဘောအရသာ ပြောဆိုဆက်ဆံတတ်သည်။

အနည်းငယ်မျှ ပြောင်းလဲလာသလိုလိုရှိတဲ့ JeonJungKookရဲ့ပုံစံကြောင့် TaeHyungမှာ ခုရက်ပိုင်းစိတ်သက်သာရာရနေသည်။

မဟုတ်ရင် သူ့ရဲ့playboyလေးက ဘယ်clubမှာ ဇယားအသစ်လေးတွေနဲ့ အီနေမှာကို ရင်တထိတ်ထိတ်။

ဟိုတစ်ခေါက် TaeHyungနောက်ကို လိုက်လာသည့် ဝတ်စုံနက်ဖြင့်လူအား အရိပ်အယောင်ပင်မမြင်ရတော့။

ဒီတိုင်း အလစ်သုတ်သမားဖြစ်မည်ဟူ၍သာ TaeHyungက ပေါ့ပေါ့ပါးပါးမှတ်ချက်ချထားသည်။

//Goodnight Tae...အိမ်မက်လှလှမက်ပါစေ//

Seenပြပြီး ပြန်စာမလာတဲ့ messageလေးကိုကြည့်ပြီး ခပ်ဖွဖွသာ သက်ပြင်းချမိသည်။

သူ့ဘက်က ဘယ်လောက်ပဲ ပိုးပန်းမှုတွေလုပ်နေပါစေ သူ့ရဲ့အကြောတင်းလေးက မသိကျိုးနွံပြုမြဲသာ။

KimTaeHyungနဲ့JeonJungKookအကြောင်းကို သိပါလျက်နှင့်မျက်စိစုံမှိတ်ချစ်နေမိတာ ။

KimTaeHyungရဲ့နောက်မှာ အရိပ်လိုရှိနေခဲ့တာ လွန်ခဲ့သည့်နှစ်များကတည်းက။

"Let's  Not Fall In Love"(complete)Where stories live. Discover now