ပြက္ခဒိန်ပေါ်က ရင်နာစရာနေ့စွဲတစ်ခု။
JeonJungkookနဲ့KimTaeHyungရဲ့မင်္ဂလာပွဲ...။
TaeHyungက ဝတ္တရားမပျက်ဖိတ်ခဲ့ပေမယ့် သူက ဘယ်လိုစိတ်နဲ့ တက်ရောက်နိုင်မည်တဲ့လဲ?
ကိုယ်သိပ်ချစ်တဲ့သူကို တစ်ခြားတစ်ယောက်က တရားဝင်ပိုင်ဆိုင်ရတဲ့နေ့..။
ရင်ထဲမှာ ပူလောင်လွန်းလို့ရူးတော့မလိုလိုပါပဲ။
လက်လွှတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တကယ်တမ်းကျလွယ်ကူမနေပြန်ဘူး...။
အမှောင်ချထားတဲ့အခန်းရယ်..ပျံ့ကြဲနေတဲ့ ဘီယာဗူးခွံတွေရယ်..ကြေမွနေတဲ့ နှလုံးသားတစ်စုံရဲ့ ငိုရှိုက်သံဟာ နံရံတွေထက် ပဲ့တင်ထပ်လို့..။
ဘယ်ဘဝက ဝဋ်ကြွေးများလဲ..?
KimTaeHyungကို စွန့်လွှတ်ဖို့ကြိုးစားမှာမဟုတ်သလို အတင်းအကြပ်မေ့ပစ်ဖို့လည်း လုပ်ယူမနေတော့ဘူး...။
ကိုယ့်စိတ်ကိုယ်လိမ်ညာရတာ အပင်ပန်းဆုံးမလား..?
ဒီတိုင်း...KimTaeHyungဆိုတဲ့ဖြစ်တည်မှုလေးကို နှလုံးသားရဲ့ တစ်စိတ်တစ်ဒေသမှာ တိတ်တိတ်လေး သော့ခတ်ထားရုံပါ..။
ပင်ပန်းလွန်းလို့ နာကျင်ရလွန်းလို့ ဖမ်းဆုပ်ထားချင်ခဲ့တဲ့ လက်တစ်စုံကို လွှတ်လိုက်ရုံပါ။
မချစ်တော့တာမျိုးမဟုတ်ရပါဘူး...။
မင်း ဆိုတဲ့ ဖြစ်တည်မှုလေးက နှလုံးသားထဲမှာ ထာဝရရှင်သန်နေမှာ....။
ပိတ်ထားသည့် ပြတင်းပေါက်လိုက်ကာစတို့ကိုဆွဲဖွင့်လိုက်တော့ ထွက်ပေါ်လာသည့်အလင်းရောင်စူးစူးကြောင့် လက်ဖြင့်ကာလိုက်မိသည်။
သူအခန်းအောင်းနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ပြင်ပအလင်းရောင်ဖြင့်အသားမကျနိုင်သေး။
ဘီယာဗူးခွံတွေက ဟိုတစ်စဒီတစ်စ၊ဆေးလိပ်တိုတွေကလည်းနေရာအနှံ့ စားသောက်ပြီးသားအခွံများဖြင့် ပြန့်ကျဲနေသောအခန်းဟာ ကြွက်သိုက်လို။
ရေချိုးခန်းထဲမှန်ရှေ့၌ ပေါ်နေသော သူ့ပုံရိပ်က ရုပ်ပျက်ဆင်းပျက်။
![](https://img.wattpad.com/cover/305412389-288-k299445.jpg)