//17//

13.5K 1K 67
                                    

KimTaeHyungမပါပဲ ဖြတ်သန်းရတဲ့နေ့တွေက ခြောက်ကပ်ကပ်။

KimTaeHyungရဲ့နှစ်လိုဖွယ်အပြုံး...

ငါ့ရဲ့Jeonလို့ခေါ်တတ်တဲ့ သြရှရှလေသံ...

ခပ်သင်းသင်းကိုယ်သင်းရနံ့...နမ်းရှိုက်နေကျ အိစက်စက်နှုတ်ခမ်းပါးတွေ....

အားလုံး အရာအားလုံးကို သတိမရဘူးဆိုရင်လိမ်ရာကျနေမလားပဲ။

တကယ်ပဲ KimTaeHyungအပေါ်မှာ လေးလေးနက်နက်ခံစားမိနေတာလား?

စီးကရက်တစ်လိပ်ကို မီးညှိပြီးနှုတ်ခမ်းမှာတေ့လိုက်တော့

"စီးကရက်က ကျန်းမာရေးထိခိုက်စေတယ်..အဲ့ဒီအစား ငါ့ကိုနမ်း..."

ကျစ်!..ဒီအသံတွေ ထပ်ခါခါကြားနေရပြန်ပြီ။

ခေါင်းကိုခါယမ်းပြီးရှင်းထုတ်ပစ်လိုက်ရသည်။

အပျင်းပြေဆိုင်ကယ်လျှောက်မောင်းပြန်တော့လည်း အနောက်ကနေ ခါးကိုဖက်တွယ်ထားတတ်သည့် လက်တစ်စုံကို သတိရမိပြန်သည်။

ဘာလုပ်လုပ်သတိရနေတာတော့မဟုတ်သေးဘူးမလား။

Eunwooတို့နှင့်တွေ့နေကြ clubတွင်အခြေချနေခြင်း။

ဒီနေ့မှ JeonJungKookက ထူးထူးဆန်းဆန်း Beerကို အငတ်လိုသောက်နေတာ။

ဟိုကောင် JaeHyungဆိုတဲ့ကောင်ကတော့ နှစ်တစ်ထောင်လောက်လိုက်နေရတဲ့ crushဆီကဖြေပြန်ရသွားလို့ မြောက်ကြွကြွ။

Taeyeongဆိုတဲ့နာမည်ကို ပါးစပ်ဖျားကမချတော့တာ...အဲ့ဒီJung Jaehyunကရည်းစားမထားဖူးမှန်းသိသာလိုက်တာ။

"ဟေ့ကောင်ရ ဖြည်းဖြည်းသောက်စမ်းပါ!..မင်းပါးစပ်က ကြွက်တွင်းလိုပဲ.."

ChaEunwooက beerကို ဟန်ပါပါမော့ရင်းdance floorက မဒီတွေကို တစ်ချက်ငေးလျက်ပြောသည်။

"ငါ့ဟာငါဘယ်လိုသောက်သောက် အဲ့ဒါ ငါ့​ေ-ာက်ကြောင်းလေ..."

တွေ့လား JeonJungkookက လူလိမ္မာလေးပါဆို။

"Shit!..အရိုင်းစိုင်းကောင်!.."

Eunwooက ခပ်တိုးတိုးဆဲရေးတော့JeonJungKookက လက်ခလယ်ထောင်ပြသည်။

အချစ်ရူးရူးနေတဲ့ Jaehyunက ph wallpaperပေါ်က သူ့ရည်းစားပုံကိုကြည့်ကြည့်ပြီး တရှုတ်ရှုတ်နမ်းနေသည်။အဲ့ဒီကောင်ရဲ့သွားရည်တွေတောင်ပေတော့မယ်။

"Let's  Not Fall In Love"(complete)Where stories live. Discover now