//30//

12.8K 873 23
                                    

ခွေးလေးတစ်ကောင်လောက်မွေးရအောင်ဆိုလည်းမဟုတ်။

Couple tattoထိုးရအောင်ဆိုလည်းမဟုတ်။

အဲ့ဒီJeonJungkookက တကယ်ကိုလက်ပေါက်ကပ်လွန်းသည်။

ဘယ်လိုမှroလို့မရသည့်အမျိုး။

ဘယ်လိုတောင်ဂွစာလဲ..?

ချစ်လွန်းလို့အလျှော့ပေးထားသည်ကို မသိလေရော့သလား။

အရာရာသူ့စိတ်တိုင်းကျ။ဒီလူကိုကျ နည်းနည်းလေးမှ လုပ်ပိုင်ခွင့်မပေး။

စိတ်အကြီးကြီးကောက်ပစ်လိုက်မည်ဟုတွေးထားလိုက်သည်။

ဒါမှမှတ်လောက်သားလောက်ရှိပြီး အလျှော့ပေးရကောင်းမှန်းသိမှာ လူဆိုးကောင်က။

အခုလည်းကြည့်လေ..စိတ်ကောက်ပြီးအခန်းထဲဝင်လာတာကို ချက်ချင်းနောက်ကလိုက်မလာ။

TaeHyungတကယ်ပဲ စိတ်အချဥ်ဖောက်လာပြီဖြစ်သည်။

အောက်ထပ်က ဆူညံပွက်လောရိုက်နေသည့်အသံကြောင့်ဆင်းလာတော့

ဆိုဖာပေါ်၌ အခန့်သားထိုင်ကာ ဂိမ်းစက်ကို TVနဲ့joinပြီးဆော့နေတာ သူက။

TaeHyungဆင်းလာတာကိုပင် မြင်ပုံမပေါ်။ဂိမ်းကိုသာအသည်းအသန်ဆော့နေလေ
သည်။

မျက်စောင်းတစ်ချက်ထိုးပြီး မီးဖိုခန်းထဲဝင်လာခဲ့တော့သည်။

ရေခဲသေတ္တာထဲက ရေဘူးကိုထုတ်သောက်ကာ စားပွဲပေါ်​ခွက်ကနဲမည်အောင်စောင့်ချလိုက်သည်။

အားရှ်!...ဒေါသထွက်လို့သေတော့မှာပဲ!..

ငါက အဲ့ဒီဂိမ်းလောက်တောင်အရေးမပါဘူးပေါ့လေ!!

JeonJungkook!!..အရူးလိုကောင်!!..

ဒေါသထွက်ထွက်နှင့်အိမ်ပေါ်ပြန်တက်လာပြီး တံခါးကိုဝုန်းကနဲစောင့်ပိတ်လိုက်သည်။

တွေ့ကြသေးတာပေါ့ JeonJungkook!...

T shirtခပ်ပွပွ တစ်ထည်ကို ​ဘောင်းဘီ
တိုတစ်ထည်နဲ့တွဲဝတ်ပြီး ဆံပင်ကိုအနည်းငယ်မျှပြန်ပြင်လိုက်သည်။

ထိုပုံစံအတိုင်းအိမ်အောက်ပြန်ဆင်းလာပြီး JeonJungkookအရှေ့က ဖြတ်လျှောက်တော့....

"Let's  Not Fall In Love"(complete)Where stories live. Discover now