Episode (2)

886 79 75
                                    

(Unicode)

သင်္ဘောဆိပ်ကမ်း တစ်ခုတွင်ဖြစ်သည်။ နေမြင့်ချိန်ရောက်နေပြီမို့ လူအများ ပျားပန်းခတ် သွားလာနေကြသော်လည်း အဖော်မပါ တစ်ကိုယ်တည်း ရပ်ကာနေသော ကောင်လေးတစ်ယောက်ရှိသည်။ လက်ဆွဲအိတ်တစ်ခုကို ဘေးမှာချပြီး အထုတ်တစ်ခု လက်မှာ ပိုက်ထားသေးသည်။ နေရှိန်ကြောင့် မျက်ခုံးက ရှုံ့ရက်သား၊ သို့ပေမဲ့ ကျလာတဲ့ ချွေးစက်ကို မဖယ်သုတ်နိုင်။

"ဒဲ မင်းအခု ဘယ်မှာလဲ"

"ငါ ဆိပ်ကမ်းမှာ၊ ရန်ကုန် ရောက်နေပြီ"

"စောက မင်းကို အိမ်မှာ စောင့်နေတယ်၊ ငါ အလုပ်ဆင်းတာနဲ့ တန်းလာခဲ့မယ်"

"မဟုတ်ဘူး..၊ တက်တိုး ငါ.. ငါ လာလို့မရသေးဘူး"

"လာလို့မရသေးဘူး၊ ဘာဖြစ်လို့လဲ ဒဲ"

ဖုန်းထဲကတဆင့် မေးလာတဲ့ သူငယ်ချင်းဖြစ်သူ တက်တိုးရဲ့ မေးခွန်းကြောင့် ဒဲ ဘာပြန်ဖြေရမှန်းမသိ။ တကယ်ဆို ရန်ကုန်ရောက်ရင် တက်တိုးတို့ အိမ်မှာတည်းနေကျ..။ ရန်ကုန်မှာ ပြောင်းရွေ့နေထိုင်ရင်း အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတွေ ဒဲမှာ ရှိပါသည်။ ဒဲ ကိုယ်တိုင်လည်း အထက်တန်းကို မြို့မှာပဲ လာတက်ခဲ့တဲ့အတွက် သွားလာရတာ အဆင်ပြေသည်။

"ငါ.. အသိတစ်ယောက်နဲ့ ခဏတွေ့ရဦးမယ်"

"အသိ၊ ဘယ်ကအသိလဲ"

"နောက်မှ ပြောပြမယ်၊ ပြီးမှ ငါ လာခဲ့မယ်"

အရင်တစ်ခါ အဘ မြို့တက်တုန်းက ဝယ်လာပေးတဲ့ ဖုန်းလေးကို အိတ်ထောင်ထဲမှာ ပြန်ထည့်ပြီး ရှင်းခန့်ညား အလာကို ဒဲ မတ်တပ်ရပ်စောင့်နေလိုက်သည်။ ဒဲ ရန်ကုန်ကို ရောက်လာခဲ့ပြီ။ အဘိုးဖြစ်သူကို ပြောခဲ့သလိုပဲ အလုပ်လုပ်ကြည့်ချင်တာလည်း ပါသလို ရှင်းခန့်ညားကို ပြောပြခဲ့တဲ့အတိုင်း မိဘနှစ်ပါးကို ရှာကြည့်ချင်တာလည်း ပါသည်။ ဒဲမှာ မိဘတွေနဲ့ ပတ်သတ်ပြီး မှတ်မိတာဆိုလို့ ဟောင်းနွမ်းနေတဲ့ မိသားစု ဓာတ်ပုံလေးတစ်ခုပဲ ရှိသည်။

"ညီလေး ဘယ်သွားမှာလဲ အင်းစိန်လား၊ ဗဟန်းလား"

"ကျွန်တော် လူစောင့်နေတာပါ"

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now