Episode (3)

869 80 123
                                    

(Unicode)

"ရှင်းခန့်ညားမောင် ဒီကိုလာဦး"

စံအိမ်ထဲကို ခြေတစ်လှမ်းချလိုက်စဉ်မှာပဲ ကြားလိုက်ရတာက မိခင်ဖြစ်သူရဲ့ ခပ်ပြတ်ပြတ် အသံ။ လှေကားဆီ ဦးတည်ချင်သော်လည်း မဖြစ်မနေ ဖြတ်သွားရတဲ့ ဧည့်ခန်းကျယ်ကြီးထဲမှာ အမေ ထိုင်နေသည်။ အချိန်ကြည့်တော့ ည၇နာရီ ထိုးပြီ။ ရှင်းခန့်ညား အလီဘိုင်ကို အပီကိုင်ဖို့ စဉ်းစားရင်း...

"အမေ ကျွန်တော် ကားဝပ်ရှော့ ဝင်မယ်လို့ ပြောခဲ့ပြီးသား"

"သိတယ်"

တကယ်တော့ ကားဝပ်ရှော့ကို ဝင်တာ ငါးမိနစ်တောင် မကြာ။ ဒဲ ဟင်းချက်ကျွေးမယ်ဆိုလို့သာ ရှင်းခန့်ညား မပြန်ဖြစ်တာ၊ အိမ်မှာ စားရတဲ့ အစည်းအဝေးထမင်းထက်စာရင် ဒဲနဲ့ကမှ လွတ်လွတ်လပ်လပ် စားလို့ရသေးတယ်မလား။

"ဘာပြောစရာရှိလို့လဲ အမေ"

ရှင်းခန့်ညား ပင်ပန်းလာဟန်ပြရင်း ကျွန်းဆက်တီကြီးမှာ ဝင်ထိုင်လိုက်သည်။ အိမ်ထိန်းကြီးကြီးက ရှင်းခန့်ညား သောက်နေကျ သံပုရာရည်တစ်ခွက် လာချပေးသည်။ အမောပြေ တငုံသောက်မယ်အလုပ်...

"အင်တာဗျူး ကိစ္စက ဘယ်လိုဖြစ်တာလဲ ခန့်ညား၊  ပေးထားတဲ့ကတိ မေ့နေပြီလား"

"မမေ့ပါဘူး အမေ၊ ကျွန်တော် ကလည်းမကတော့ဘူး၊ ဘာရိုက်ကူးရေးမှမလုပ်တော့ဘူး၊ ဒီအင်တာဗျူးက ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး၊ We R C showမှာ ပါတဲ့လေးယောက်လုံး သွားရမှာ၊ နောက်ဆုံးအနေနဲ့ ကျွန်တော့်တာဝန် ကျွန်တော် ကျေအောင် လုပ်ခဲ့ချင်တယ်"

မနက်ဖြန် ရှင်းခန့်ညား အင်တာဗျူး သွားစရာရှိသည်။ နောက်ဆုံးရိုက်ကူးခဲ့တဲ့ အစီအစဉ်အတွက် နောက်ဆုံးသော ဝတ္တရားဖြစ်တာမို့ ရှင်းခန့်ညား မဖြစ်မနေ ပါဝင်ပေးရမည်။ ဒါကို လူသိမခံစေချင်တဲ့ အမေက သိပ်ကျေနပ်ပုံမရ။

"ဒါ နောက်ဆုံးတစ်ခေါက် ဖြစ်ပါစေ သား"

"စိတ်ချပါ အမေ၊ ဒါ နောက်ဆုံးပါပဲ၊ အမေ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်လာတော့မှာပါ"

"နားတော့"

"ဟုတ်"

မိခင်ဖြစ်သူ ဒေါ်ထင်းကျော့ရှင်းမောင်ကို ရှင်းခန့်ညား ချစ်ပါသည်။ အမေကလည်း သားသမီးတွေကို ချစ်မှန်း ရှင်းခန့်ညား သိသည်။ ဒါပေမဲ့ အမေ့စရိုက်နဲ့ အမေ့ ဟန်ပန်ကြောင့် လူမှန်းသိကည်းက အမေနဲ့ သားကြားမှာ ရင်းနှီးပွင့်လင်းမှု မရှိ..။ ပုံသွင်းသလို နေလာခဲ့ရတော့ နားလည်မှုပါ လျှော့နည်းလာခဲ့သည်။ တစ်ခါတစ်လေ တွေးမိရင် ရှင်းခန့်ညား ရင်ထဲမကောင်းတာ အမှန်။ ဒါ့အပြင် အဖြေရှာလို့မရတဲ့ ကိစ္စတစ်ခုက...

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now