Episode (15)

754 71 79
                                    

(Unicode)

'Winner' ကော်ဖီဆိုင်။ လူသွားလူလာနည်းတဲ့  လမ်းကလေးရဲ့ ချောင်ကျကျတစ်နေရာမှာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဆိုင်ကို လူအဝင်နည်းသော်လည်း ဆိုင်ရှင်က မှုဟန်မတူ။ ကော်ဖီချစ်သူမို့ ကိုယ့်ဆိုင်က ကော်ဖီသည် ကိုယ့်တစ်ယောက် အတွက်သာလို့ မှတ်ယူထားပုံရ၏။ သို့ပေမဲ့ ဒီညနေခင်းတော့ ဆိုင်ထဲမှာ ၔည့်သည်တစ်ဦး ရောက်နေသည်။

ညိုညိုညက်ညက် ကောင်လေးက ရုပ်ရည်အရဆို ၁၈နှစ်ပင် ပြည့်သေးပုံမပေါ်။ နှုတ်ခမ်းသား ထူထူကို တင်းတင်းစေ့ထားပြီး ဝိုင်းစက်စက်မျက်ဝန်းတွေကို မျက်လွှာချကာ ဖုံးအုပ်ထားသည်။ ကောင်လေးက ချောသည်။ ချောတာမှ ပြစ်မျိုးမှဲ့မထင် ပုံမျိုးလေး။

"ကော်ဖီ သောက်လေ၊ မောင်လေး.."

"ဟုတ်ကဲ့ အစ်မ"

စားသောက်ဆိုင်မှာ ဖုန်းနံပါတ်တောင်းသွားတဲ့ ကောင်မလေးကြောင့် တစ်စုံတစ်ယောက် ဆက်သွယ်လာမှာကို သံစဉ်ချို ကြိုသိနေပြီးသား။ အိမ်ထောင်သည် ကာမပိုင်ကို စိတ်ယိုင်မိခဲ့တဲ့အတွက် ထိုကာမပိုင်ရှင် လိုက်လာပြီး ပြစ်ပြစ်ခါခါ ပြောလာခဲ့ရင် လက်သီးလက်မောင်း ပြန်တန်းပစ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ။ အခုတော့ ကောင်လေးက တုပ်တုပ်တောင်မလှုပ်။

"ကော်ဖီက တကယ်ကောင်းတယ် အစ်မ"

"အဲ့တာဆို သောက်လေနော််"

ရှက်သည်။ သံစဉ်ချို တကယ်ရှက်သည်။ ကြည့်လိုက်တာနဲ့ အဖြူထည်လေးမှန်း သိသာတဲ့ ကလေးရဲ့ ယောကျာ်းကိုမှ ပြစ်မှားမိရတယ်လို့။ ထိုယောကျာ်းဆိုတဲ့ ကောင်ကလည်း ဒီလိုကလေးကို ပိုင်ထားရက်နဲ့များ  ဘာလို့ ခြံစည်းရိုးကို တက်ခွထားသလဲ တကယ်နားမလည်။ ကောင်လေးကို ကြည့်ရတာ တစ်ခုခုပြောဖို့ ကြိုးစားနေတာမို့ သံစဉ်ချို မစောင့်နိုင်တော့။

"ပြောစရာရှိလို့ လာခဲ့တာမလား မောင်လေး၊ အစ်မက အားနာနေတာ၊ အစ်မ ပြောပြမယ်၊ အစ်မနဲ့ ကိုရှင်းခန့်ညားက-"

"ကျွန်တော် သိပါတယ် အစ်မ၊ ကိုရှင်းခန့်ညားက အစ်မကို သဘောကျနေတာ"

"ဟယ် မဟုတ်တာ မောင်လေးရယ်၊ သူ့မှာ မောင်လေးရှိနေတာကို အစ်မကို သဘောကျတယ်တဲ့လား၊ အစ်မလည်း အစက တမျိုးထင်လိုက်ပါသေးတယ်၊ ဒါပေမဲ့ အိမ်ထောင်သည်က ဒါမျိုးလုပ်တာတော့ အစ်မ လက််မခံနိုင်-"

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now