(Unicode)
"တမင်မပြောသေးတာ"
"ဘာ! တောက်! မင်း ရူးနေလား"
ရှင်းခန့်ညားရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် ညီစေသော် စားပွဲကို လက်နဲ့ထုကာ မတ်တပ်ထရပ်လိုက်သည်။ ဖြစ်နိုင်ရင် လက်ထဲက ဖုန်းကိုပါ ပေါက်ခွဲပစ်လိုက်ချင်တာ။ တဖက်ကကောင် ပေးလာမယ့် အကြောင်းပြချက်ကို စောင့်ဆိုင်းရင်းဒေါသကို အရှိန်ထိန်းထားရတဲ့ အခြေအနေ။
ညနေပိုင်းကတင် အဘိုးကတဆင့် ဦးရန်လင်း ဆက်သွယ်လာတယ်ဆိုတာ သိရကာမှ အန်တီရေချယ့်အကြောင်းကို ညီစေသော် ကြားသိခဲ့ရခြင်းဖြစ်သည်။ ငယ်ငယ်ကတည်းက အဒေါ်ရင်းတစ်ယောက်လို ရင်းနှီးခဲ့တာမို့ ဝမ်းသားအားရနဲ့ ဖုန်းဆက်တော့မှ ရှင်းခန့်ညားနဲ့ တွေ့ခဲ့တယ်လို့ အန်တီရေချယ်ကပြောသည်။ ရှင်းခန့်ညားက ကလေးကို ခေါ်မလာဘဲ အချိန်ဆွဲနေတယ်လို့လည်း ကြားရသေးသည်။ အသေးစိတ် မေးမြန်းဖို့အတွက် ကိုယ်တိုင်ဖုန်းဆက်မှ ဆွံ့အသွားရတဲ့အဖြစ်။
"မင်းက ဘာကို တောက်ခေါက်နေတာလဲ၊ ဒါ ငါနဲ့ငါ့ယောကျာ်းကိစ္စ၊ မင်း ဝင်ပါစရာမလိုဘူး၊ ငါ အကုန်လုံး စီစဉ်ထားပြီးသား!"
"Daniel မျှော်လင့်ချက်ကို မင်း ပိတ်ထားတာပဲ ရှင်းခန့်ညား၊ မင်း ဘာတွေကြံစည်နေတာလဲ"
"ငါ ထပ်ပြောမယ်၊ မင်းနဲ့ မဆိုင်ဘူး၊ ဘေးလူက ဘေးလူလိုနေ၊ ထပ်ဝင်ပါရင် မင်းနဲ့ငါနဲ့ တွေ့မယ်၊ ပြီးတော့ ငါ့ယောကျာ်းက ပိုင်ရှင်ရှိပြီးသား၊ မင်း ဒီဘဝလည်း မရနိုင်ဘူး၊ နောင်ဘဝလည်း မရနိုင်ဘူး၊ ဒဲက ဘဝဆက်တိုင်း ငါနဲ့ပဲ ရမှာ၊ မှတ်ထား"
ညီစေသော် ဘာမှမပြောလိုက်ရ၊ ရှင်းခန့်ညား အပြတ်ဝုန်းပြီး ဖုန်းချပစ်လိုက်သည်။ စကားတွေက ကလေးဆန်နေတာ သိပါတယ်၊ ဒဲကို လာကြောင်ကတည်းက ပြောလွှတ်ချင်နေတာကို ထိန်းထားရတာ။ ဒီနေ့တော့ မိုးအဆုံး မြေအဆုံး ပြောပြီးသွားပြီ။ ညီစေသော် ဝင်မပါခင် ရှင်းခန့်ညား ဒဲကို ပြောသင့်နေပြီ။
"ဟယ်လို မမ၊ နင် ပါတီအတွက် ပြင်တာအဆင်ပြေလား"
ရတက်မအေးတဲ့စိတ်ကို အေးချမ်းသွားရအောင် လက်ထပ်ခွင့်တောင်းမယ့်ပွဲအတွက် အစ်မဖြစ်သူကို မေးမြန်းကြည့်လိုက်သည်။ ဖြစ်နိုင်ရင် ရှင်းခန့်ညား ဒီနေ့ညပဲ အကောင်အထည် ဖော်လိုက်ချင်တာ။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...