💗Author Note💗

563 47 25
                                    

(Unicode)

မင်္ဂလာပါရှင်။ နှုတ်ဆက်ရမယ့်အချိန် ပြန်လည်ရောက်ရှိလို့ လာပါပြီ။ Nini_Melanie ပါ။

ဦးစွာပထမ နီနဲ့အတူ ဆွေမောင်နည်းခရီးကို ဖြတ်သန်းပေးကြတဲ့ စာဖတ်သူလေးများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဒီကြားထဲ ခဏတာ ရပ်တန့်ထားခဲ့တာကိုတောင် မငြိုငြင်ဘဲ စောင့်ဆိုင်းပေးတဲ့အတွက် နီက ပိုပြီးအားနာရပါတယ်၊ ချစ်လည်းချစ်ပါတယ်။ ဒါဆိုရင် ဆွေမောင်နည်း အကြောင်းပြောကြစို့နော်။

နီ ဒီ 'ဆွေမောင်နည်း'ဆိုတဲ့ ဝေါဟာရလေးကို ပေါရာဏ အဘိဓာန် ဖတ်ရှုရင်း ရှာတွေ့ခဲ့တာပါ။ အဓိပ္ပာယ်လေးက 'ချစ်သော ယောကျာ်း'လို့ ဖွင့်ဆိုတဲ့အတွက် နီ လိုချင်တဲ့ conceptကို တည့်မိတယ်လို့ တွေးပြီး 'မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း'၊ မင်းဟာကိုယ့်ရဲ့ ချစ်သောယောကျာ်းလို့ ခေါင်းစဉ်ပေးခဲ့ပါတယ်။ ဒါ ဆွေမောင်နည်းရဲ့ ဖြစ်တည်လာပုံပေါ့နော်။

ဆွေမောင်နည်းက Ro-Com ဆိုတာထက် Com-Ro ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ရိုတာထက် ဟာသက များများပေါ့နော်။ ဒါပေမဲ့ စိတ်အခြေအနေကြောင့်က တပိုင်း၊ ဇာတ်အသွားအလာကြောင့်က တပိုင်း နီ လိုချင်တဲ့ ဟာသအတိုင်းအတာ ထိတော့ မရောက်ခဲ့ပါဘူး။ စာဖတ်သူလေးတို့က ချစ်တဲ့မျက်စိနဲ့ ဖတ်ပေးကြလို့သာ ဆွေမောင်နည်းလေးက ပိုအသက်ဝင်လာတာပါ။

LU0မှာ မိတ်လုံကျွန်းကို အသားပေးခဲ့တယ်ဆိုရင် ဆွေမောင်နည်းမှာ ရှင်းမိသားစုကို ဇာတ်တည်ပါတယ်။ ချမ်းသာပေမဲ့ ရိုးသားမှုကို တန်ဖိုးထားတဲ့ မိသားစုမျိုးပေါ့၊ ဒီထဲမှာ အေးစက်သယောင်နဲ့ သားသမီးတွေကို ကောင်းစေလိုတဲ့ ဒေါ်ထင်းကျော့ရှင်းမောင် ဇာတ်ကောင်ကို နီ ဖန်တီးဖြစ်ခဲ့ပါတယ်။

ဇာတ်ဆောင်ပိုင်းမှာဆိုရင်လည်း နီ အတွဲများတဲ့အတိုင်း အအေးနဲ့အပူကို ကာရိုက်တာမိမိတွဲရမှာ ရှင်းခန့်ညားမောင်က ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ အပူကိုဆောင်ပါတယ်၊ ဒဲကိုတော့ ရိုးရိုးအအလေးအဖြစ် အသက်သွင်းခဲ့ပါတယ်။ ရှင်းဒဲက ထူးခြားစွာနဲ့ပဲ နီ့ကလေးတွေထဲမှာ နီ ကိုယ်တိုင် သဘောအကျဆုံး အတွဲဖြစ်ခဲ့ပါတယ်။ နီက ဘက်လိုက်တာရှားပေမဲ့ ရှင်းဒဲကိုတော့ ပြန်ဖတ်လိုက်၊ ပြန်ပြုံးလိုက် ဖြစ်ခဲ့တာ အမှန်ပါပဲ။

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now