(Unicode)
"စမ်းသပ်မမြင်နိုင်တဲ့ရောဂါ အေ့.."
"စက်နဲ့ရှာဖွေလည်း မတွေ့ရပါ ဝိုး..."
"ပျောက်ဖို့ သေချာသော ဆေးမရှိ"
"ဒီအသည်းကွဲတဲ့ရောဂါလေ ဝိုးဝိုး"
ရှင်းစံအိမ်တော်က ရေကူးကန်ကြီးဘေးမှာ ယိုင်တိယိုင်တိုင် လမ်းပတ်လျှောက်နေသော လူတစ်ဦးရှိသည်။ အရက်သမားမှန်း သိသာအောင် ကုန်ခါနီးပုလင်းတစ်လုံးကို ကိုင်ထားတဲ့အပြင် ခံစားချက်အလိုက် သီချင်းများကို စိတ်လွတ်ကိုယ်လွတ် အော်ဆိုနေသေးသည်။
"ဘယ်သူကယ်နိုင်မလဲ!"
"အသည်းကွဲတဲ့ရောဂါ! လွယ်လွယ်နဲ့လည်း မပျောက်နိုင်!!!"
"အေ့! အသည်းကွဲတဲ့ရောဂါ! အကြင်နာတွေနဲ့ မင်းလာကုသပေး!! ဒဲပါရေး!!!"
"ဟင်း"
"ဟင်း"
ဒီသက်ပြင်းချသံနှစ်ခုက မလှမ်းမကမ်းမှာ ထိုင်ကြည့်နေတဲ့ သူငယ်ချင်းနှစ်ဦးဆီက လာတာ။ ရှင်းခန့်ညား ခွေးဖြစ်နေတာ ၂ရက်ရှိပြီ။ အထူးသဖြင့် သူ့ယောကျာ်း အမေ့နောက်ကို ပြန်လိုက်သွားကတည်းက အငိုကြီးငိုနေတော့တာ။ ရှင်းခန့်ညား ဘဝမှာ ရည်းစားအများကြီးထားဖူးပါသော်လည်း ဒူးနဲ့မျက်ရည်သုတ်ရတာကို အခုမှမြင်ဖူးကြတာမို့ တကယ်ရူးသွားမလား စိုးရိမ်နေရသည်။
"ဘယ်သူကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ!!"
"ဘယ်သူမှမကယ်နိုင်ဘူး၊ ကိုယ့်ဘာကိုယ်ခံ"
နားဒုက္ခပေးနိုင်လွန်းတဲ့ အမူးသမားကို စကားနာထိုးလိုက်မိတော့ သီချင်းဆိုတာကိုရပ်ပြီး မျက်စောင်းလှမ်းထိုးသည်။ သစ်ခွန်းတောက်တို့မှာလည်း တစ်ဒုက္ခလေ။ ဘယ်တော့ရေထဲခုန်ချမလဲတွေးပြီး မနက်ကင်းညကင်းနဲ့ စောင့်နေရတာ။
"ငါ မှားတာရှိရင် တောင်းပန်ပါတယ် အိုး!!!"
"အရင်လို မင်းရဲ့ အနားမှာပဲ သံမှိုစွဲကပ်ထားသလို အချစ်တို့ရှိတယ် အဟွတ် ဟွတ် ဝေါ့!"
အခုလည်း အန်နေပြန်ပြီ။ ရှင်းခန့်ညား အန်ပြီးတာနဲ့ နောက်တစ်ဂွတ် ထပ်မော့သောက်လိုက်သည်။ လူလည်း အရက်စော်နံနေပြီ။ နှလုံးသားကတော့ အနာမကျက်သေး။ ဒဲပါ ခွဲသွားတဲ့ ဒဏ်ရာဟက်တက်က သွေးစိမ်းရှင်ရှင် မထွက်ရုံတမယ်။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...