(Unicode)
မနက်ခင်းမိုးသောက် အလင်းရောက်နေပြီ။ ကောင်ကင်းပြာသည် နီလာအဆင်း ကြည်လဲ့ရှင်းသကဲ့သို့ ဝင်းထင်းနေသည်မို့ ဥတုရာသီ သာယာလှပေသော နေ့တစ်နေ့ဖြစ်သည်။။ ငှက်ကလေးများ မင်္ဂလာတေးသီနေပါသော်လည်း အအိပ်မက်သူများအဖို့ မောင်းတီးနေသည့်အလားပင်။ သင်သည် တစ်ကိုယ်တည်းသမားဖြစ်ပါက အိပ်ရာမထခင် လွတ်လပ်ချောင်ချိစွာ အကြောဆန့်ကွေး အညောင်းဖြေနိုင်သည်။ သို့သော် နှစ်ကိုယ်တွဲသမားများမှာမူ အညောင်းမိအောင် ပူးကပ်အိပ်စက်ရင်း မနက်ခင်းမှာ နိုးထလေ့ရှိသည်။ သို့ပေမဲ့ မျက်လုံးပွင့်တာနဲ့ စိတ်ကြည်သွားစေမယ့် ဗိုက်တာမင် လူသားကလေးများ သူတို့မှာရှိသည်။
"Morningပါ ကိုယ့်အသည်းတုံးလေး"
"ဟုတ် Morning"
"ရင်ခွင်ထဲလာပါဦး"
"ဟုတ်"
ရှင်းခန့်ညားနဲ့ဒဲပါတို့ စုံတွဲ အဖြစ်သည်းနေတာပါ။ ရှင်းခန့်ညားမောင် ကဗျာဆန်လာတာလည်း မပြောနဲ့၊ နိုးခါစ သူ့အမျိုးသားလေးရဲ့ မျက်နှာလေးက ဖူးဖူးမို့မို့နဲ့ အူယားစရာကောင်းတာကိုး။ ကုတင်ကျယ်ကို ကမ္ဘာထင်ပြီး နေရာလွတ်မကျန် လူးလိမ့်ဖူးတဲ့ အအိပ်ကြမ်းသူ ရှင်းခန့်ညားတစ်ယောက် ယောကျာ်းရမှ အတော့်ကိုအချိုးပြောင်းလာသည်။ လက်မောင်းအညောင်းခံပြီး ချော့သိပ်ရတာနဲ့၊ စောင်လွတ်မှာစိုးလို့ ညညထကြည့်ရတာနဲ့တင် အိပ်ဖန်စောင့်လုံးလုံးဖြစ်နေပြီ။
"ညက အိပ်ပျော်ရဲ့လား ကိုရှင်းခန့်ညား"
ဒဲ အိပ်ချင်မူးတူးအသံလေးနဲ့မေးကာ သူ့ယောကျာ်းရင်ခွင်ထဲမှာ အဖက်ခံလိုက်သည်။ နေဖင်ထိုးတာတောင် ထကြမယ့်ပုံမရ။ အဆိုပါ ဒဲသည်လည်း အိမ်ထောင်စင်စစ်ကျပြီးနောက်ပိုင်း ပိုမိုချိုသာလာသည်။ အရင်ကလို စက်ရုပ်တဝက်၊ ကျောက်ရုပ်တဝက် ရောစပ်ထားတဲ့ ဒဲပါမဟုတ်တော့။ အချစ်မှာ နစ်မြောနေတဲ့ လူသားလေးတစ်ယောက် ဖြစ်လာပြီ။
"အိပ်ပျော်တာပေါ့၊ ကိုယ့်ဒဲလေးရှိရင် အိပ်လို့ကောင်းမှကောင်း"
"ကျွန်တော်လည်း အိပ်ပျော်တယ်"
"အား..၊ အလုပ်မသွားချင်ဘူးကွာ၊ ဖြစ်နိုင်ရင် ကိုယ့်ပူတူးလေးကို သွားလေရာ ခေါ်သွားပစ်လိုက်ချင်တာ"
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...