(Unicode)
"ရှင်းခန့်ညားမောင်!! ဘယ်လိုဖြစ်တာလဲ!"
လူနာခန်းထဲကို ဒုန်းဆိုင်းပြေးဝင်လာသူက ရှင်းၔကရီမောင်။ မောင်ဖြစ်သူ ကားတိုက်တယ် ကြားကြားချင်း အလုပ်များကို ပစ်ချကာ ပြေးလာခဲ့ခြင်းဖြစ်သည်။ ဆေးရုံရောက်တော့ စိတ်ပူခဲ့သမျှက အလကားကို ဖြစ်လို့။ ရှင်းခန့်ညားမောင် တစ်ယောက် လက်ကောက်ဝတ်မှာ ပတ်တီးအဖွေးသားနဲ့ မိန့်မိန့်ကြီးထိုင်နေသည်။
"လမ်းဘေးက ပန်းခုံကို ဝင်ကျုံးတာ၊ လက်က စတီယာတိုင်နဲ့ ညှပ်လို့ နည်းနည်းယောင်သွားတယ်၊ ဘာမှမဖြစ်ဘူး"
"နင် ဘယ်လိုတောင် အသိစိတ်လွတ်ပြီး မောင်းနေတာလဲ၊ ပန်းခုံမို့လို့ပေါ့၊ လူဆိုရင် နင် ဘယ်လိုလုပ်မလဲ!"
အစ်မဖြစ်သူ ဆူလည်းဆူချင်စရာ။ ရှင်းခန့်ညား အရေးကြီးကိစ္စက အပြန်လမ်းမှာ စိတ်နဲ့ကိုယ် မကပ်တော့တာ။ ပေါ့ပေါးပါးပါး နေတတ်တဲ့သူမှာ စိတ်ရှုပ်စရာ ဘယ်လောက်များနေလဲမသိ။ အသံလည်းမကျယ်၊ ဂယက်လည်းထ။ ပါးလျတဲ့ နှုတ်ခမ်းပါးကို တင်းစေ့ထားပြီး မျက်လုံးတွေက စူးရှနေသည်။ လက်ဒဏ်ရာကိုလည်း ဂရုမစိုက်။
"နေဦး ငါ မောင့်ကို နင့်ကိုစောင့်ဖို့ ခေါ်လိုက်မယ်၊ ဆရာဝန်က ဘာပြောသေးလဲ"
"နောက်ကျောအောင့်သွားလို့ ဓာတ်ပုံရိုက်ထားတယ်၊ အဲ့တာပြီးရင် ဆင်းလို့ရပြီ၊ ဆရာဝန်က ဘယ်သူလဲ သိတယ်မလား"
"မင်းဝေလား!"
မဟော်မင်းဝေကို ရှင်းၔကရီမောင် ကောင်းကောင်းကြီး သိတာပေါ့။ ဒီတသက်မရနိုင်လို့ မျက်ရည်မျက်ခွက်နဲ့ အလဲအကွဲ ဖြစ်ပြီး လက်လွှတ်ထားရတဲ့ အချစ်ဦးလေ။ သူငယ်ချင်း ကံလင်းရောင်ကတဆင့် မင်းဝေနဲ့ ရင်းနှီးခဲ့ရာမှ ရှင်းၔကရီမောင် ခံစားချက် ပိုမိခဲ့သည်။ နီးစပ်အောင် ချည်းကပ်ပြီး အကြိမ်ကြိမ် ဖွင့်ပြောခဲ့မိပါသည်။ နောက်ဆုံးမှာ မင်းဝေပြောလာတာက သူသည် မိန်းကလေးကို စိတ်မဝင်စားတဲ့။
"ငါ ထည်ထည့်ပဲ ခေါ်လိုက်မယ်၊ ဒီနားက မုန့်ဆိုင်မှာတဲ့"
"ငါက ဘာဖြစ်နေလို့လဲ၊ မမ နင် ပြန်တော့"
VOCÊ ESTÁ LENDO
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...