Episode (9)

751 74 53
                                    

(Unicode)

တစ်လောကလုံး ပိန်းပိတ်မှောင်နေသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသော အသံနှစ်ခုသည် အတက်အရှိုက်မှန်မှန် စီးချက်ညံနေကြ၏။ မအိပ်ခင် ကြားချထားခဲ့သော ဖက်လုံးလေးကတော့ ကြမ်းပြင်ထက်မှာ အေးစက်ငြိမ်သက်လျက်။ နယ်ကျော်နေသော လက်တဖက်သည်ကား မှောက်ရက်အိပ်နေသော ကျောပြင်ပေါ်တွင် ကန့်လန့်တည်နေ၏။ ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွင်းလာသူက ...

'ဒေါက် ဒေါက် ဒေါက်'

"အစ်ကိုခန့်ညား"

'ဒေါက် ဒေါက် ဒေါက်'

"အစ်ကိုခန့်ညား"

တံခါးခေါက်သံကြောင့် နိုးလာသူက အမည်ရှင်မဟုတ်။ တစ်စုံတစ်ယောက် လာရှာနေတဲ့အတွက် တံခါးထဖွင့်ရန် ကြိုးပမ်းလိုက်သော်လည်း ကိုယ်ပေါ်မှာပိနေတဲ့ လက်တဖက်ကြောင့် ဒဲ တော်တော်နဲ့ထမရ။ အားကုန်သုံးပြီး ဖယ်မယ်လုပ်တော့ အသံဆိုးက ထိုးထွက်သည်။

"ကျစ် အပြင်က ဘယ်သူလဲ၊ ဒီမှာအိပ်နေတယ်လေ"

"အန်ကယ်လ်က အစ်ကိုခန့်ညားကို ခေါ်ခိုင်းလိုက်လို့ပါ"

"အဖေကလည်းကွာ၊ ဒီအချိန်ကြီးကို..၊ ဆင်းလာခဲ့မယ်၊ ခဏစောင့်၊ ဟင်- အား!!"

ရှင်းခန့်ညား မျက်လုံးကို ဖွင့်ခိုက်မှာ လည်ပင်းကိုလိမ်ပြီး လှည့်ကြည့်နေတဲ့ ဒဲနဲ့ တည့်တိုးသည်။ အတူနေတာကို ကျင့်သားမရသေးတာမို့ ဒဲ ဘေးမှာအိပ်နေတာကို ခဏမေ့သွားတာ။ အော်သံကြောင့် ပြူးသွားတဲ့ မျက်လုံးတွေကို မြင်ရတာကြောင့် အားနာရသူက  ရှင်းခန့်ညား..။ သွားဖြဲပြပြီး..

"အိပ်မက်ဆိုးမက်နေတာ ဒဲပါ၊ တော်သေးတယ် မင်းရှိလို့"

"လက်ရုတ်ပေးပါ ကိုရှင်းခန့်ညား"

"ဪ အေးအေး"

ကုတင်ဖော်နဲ့ မျက်နှာချင်းဆိုင်ကာ အအိပ်ချင်းမပြိုင်နိုင်တဲ့အတွက် ဒဲ ကျောပေးကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထိုစဉ် ရှင်းခန့်ညားကတော့ စောစောစီးစီး အခေါ်တော်လွှတ်တဲ့ မွေးသဖခင်ဆီကို ဆင်းတော်မူရသည်။ တကယ်ဆို ရှင်းခန့်ညားသည် ပူပူနွေးနွေးသတို့သား။ မင်္ဂလာဦးနေ့တွေဆို ခြေကုန်လက်ပမ်းကျတတ်တာ သိရဲ့သားနဲ့များ အစောကြီး တံခါးလာခေါက်ပြီး နှိုးရတယ်လို့။  သတို့သားတုကတော့ တညလုံး အိပ်ရေးဝပေမဲ့ မိဘတွေမျက်နှာမြင်တာနဲ့...

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Tahanan ng mga kuwento. Tumuklas ngayon