(Unicode)
"မေ့ခဲ့ပြီ"
"ဘာမေ့တာလဲ ဒဲပါ"
ခြံထဲကို ရောက်တာမှ ငါးမိနစ်မပြည့်သေး။ အဘွား လက်ဆောင်ပေးထားတဲ့ ဖုန်းလေးကို ဒဲ ပြေးမြင်သည်။ ကားပေါ်မှာ မေ့ထားခဲ့ပြန်ပြီ။ အခုတလော ဘာ့ကြောင့်ရယ် မသိ၊ ဒဲ စိတ်နဲ့ကိုယ် သိပ်မကပ်ချင်။
"ဖုန်း၊ ကားပေါ်မှာ ဖုန်းမေ့ခဲ့တယ်"
"ဖြစ်ရမယ်၊ အမြဲတမ်း နမော်နမဲ့နဲ့၊ ဒီမှာနေခဲ့၊ သွားယူပေးမယ်"
ကိုရှင်းခန့်ညားက အမြဲလိုလို ပူညံပွစိပါ။ ဒါပေမဲ့ ဒဲ နေသားကျသည်။ ပူညံပူညံ မကြားရရင်ကို တနေ့တာ မအေးချမ်းချင်။ ခြေလှမ်းကျဲကြီးများနဲ့ ပြေးထွက်သွားသူကို ကြည့်ရင်း အပြုံးက သူ့အလိုလိုလာသည်။ ထိုစဉ်မှာပဲ..
"Daniel အပြုံးလေးကို ကိုကို အခုမှ မြင်ဖူးတော့တယ်"
ဘေးမှာ ကိုညီစေသော် ရှိနေတာပဲ။ အကြည့်ချင်းဆုံသွားတော့ ဒဲကို ပြုံးကာကြည့်နေသည်။ အမှန်အတိုင်း ဝန်ခံရရင် ဒီအပြုံးတွေကို ဒဲ မနှစ်ခြိုက်။ ငယ်ငယ်က ရင်းနှီးခဲ့တယ်ဆိုရင်တောင် အခု ဒဲသည် ကလေးမဟုတ်တော့။
"ဘာလို့ ကိုကို့ကို စိမ်းစိမ်းကြီးကြည့်နေတာလဲ၊ ကိုကို စိတ်မကောင်းဘူးနော်"
"တောင်းပန်ပါတယ် ကိုညီစေသော်၊ ရှေ့လျှောက်ဆင်ခြင်ပေးပါ"
"ဘာကိုလဲ Danielရဲ့၊ ကိုကိုက.. ခင်လို့ ပြောတာကို"
ပြောတုန်းဆိုတုန်း သူ့လက်က ပခုံးပေါ်ရောက်နေပြီ။ ဒဲ မြန်မြန်ဆန်ဆန် ရုန်းထွက်လိုက်သည်။ ကိုညီစေသော် ဖော်ရွေတာမှန်သည်၊ လိုတာထက် ပိုနေတဲ့ အထိအတွေ့ကို လက်မခံနိုင်။ စည်းဘောင်ထဲကနေ ပြောသင့်တာတော့ ပြောရမှာပဲလေ။
"ကျွန်တော် မမှတ်မိတော့ပေမဲ့ ကိုစေနဲ့ ညီအစ်ကိုလို ရင်းနှီးခဲ့ပါလိမ့်မယ်။ ဝမ်းသာတဲ့စိတ်ကို ကျွန်တော် နားလည်ပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အိမ်ထောင်သည် တစ်ယောက်ပါ။"
"ကလေးလေးက စကားအရှည်ကြီး ပြောတတ်သားပဲ"
"အပြုအမူတင်မကပါဘူး၊ အခေါ်အဝေါ်ပါ ဆင်ခြင်ပေးပါ၊ ကျွန်တော် တောင်းဆိုတာပါ"
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...