(Unicode)
~ဒီနေ့မင်းမွေးနေ့~
~Good Morning Baby~
~ပန်းတွေကိုလေ မြင်လားဟေ့~
~မနက်အစောကြီးထ မင်းတံခါးဝ ခင်းလို့ထား~
အခန်းထဲမှာ ပျံ့လွင့်လာသော သီချင်းသံ။ စာသားနဲ့သံစဥ်ကိုလိုက်ကာ တီတိုးဆိုပြနေတဲ့ အသံချိုချိုလေးကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကောင်လေးတစ်ယောက် ကြည်ကြည်သာသာ နိုးထလာရသည်။ နှာတံပေါ်ကို ဖြတ်ဆင်းသွားတဲ့ သူ့လက်ဖျားရဲ့အထိအတွေ့ကို ခံစားမိနေသည်။ နှုတ်ခမ်းသားလေး နွေးကနဲဖြစ်သွားပြီးနောက်...
"Happy Birthday ပါ ကိုယ့်အသဲကျော်လေး၊ မွေးနေ့ကစလို့ ကိုယ်နဲ့အတူ အများကြီးထပ်ပျော်ကြဦးမယ်နော်"
"ဟုတ်"
အကြင်နာ တထွေးလိုက်နဲ့ ဖက်နေကြတာများ ကျောခင်းအိပ်ရာလေးတောင် မကျေမနပ် တွန့်ကြေသွားတဲ့အထိ။ ဒီနေ့ ဒဲ (ခ) Daniel (ခ) ဒဲပါ (ခ) ရှင်းခန့်ညား အမျိုးသားလေးရဲ့ နှစ်ဆယ့်တစ်နှစ်ပြည့် မွေးနေ့ပါ။ အချစ်ချင်းဖလှယ်ပြီးမှ စဖြတ်သန်းရတဲ့ မွေးနေ့ဖြစ်တာမို့ ရှင်းခန့်ညား အလေးအနက်ထားသည်။ မနက်တောင် စောစောထပြီး ဒဲ ကို ထိုင်ကြည့်နေခဲ့တာကိုပဲ ကြည့်။ ဒါ့အပြင် ဒီနေ့တရက်လုံးအတွက် အထူးစပယ်ရှယ် အစီအစဥ်များကိုလည်း ပြင်ဆင်ထားသေးသည်။
"ကိုယ်တို့ ခဏနေရင် ဘုရားသွားကြမယ်၊ ကိုယ့်ယောကျာ်းမွေးနေ့ဆိုတော့ ကောင်းမှုကုသိုလ်များများ လုပ်ရမှာပေါ့"
"ဒါဆို ရုံးကရော.."
"ဒီနေ့မသွားဘူး၊ ရုံးလစ်တယ်၊ ကိုယ်တော်တယ်မလား"
"ဟုတ်၊ ကျွန်တော့်ယောကျာ်း ကိုရှင်းခန့်ညား အတော်ဆုံးပဲ"
တီတာလို့ ဝသွားမှ အိပ်ရာက ထကြတော့တာပဲ။ ဒါတောင် ကလူကျီစယ်ချက်က ပျက်သေးတာမဟုတ်၊ ဘုရားသွားဖက်ရှင်အတွက် လည်ကတုံး အဖြူဆင်တူနဲ့ အရောင်သာကွဲတဲ့ ပုဆိုးတစ်ထည်စီကို ကုတင်ပေါ်မှာ ရယ်ဒီချထားသည်။ ရေမိုးချိုးပြီးသွားတာနဲ့ မြန်မာဆန်ဆန် အမျိုးသားကောင်းလေးများ ဖြစ်သွားအောင် ဝတ်စားဆင်ယင်လိုက်ကြတာမို့ လိုက်ဖက်ညီစွာနဲ့ သန့်ပြန့်ထွက်နေသည်။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...