(Unicode)
ရှင်းစံအိမ်တော်မှ လူများ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ အကုန်လုံးရဲ့ အာရုံက ဥယျာဥ် တဖက်က ရေကူးကန်ကြီးဆီမှာ။ အနားကို မကပ်ဝံ့တာမို့ မလှမ်းမကမ်းကနေ အကဲခတ်ရင်း သတင်းပေးသူက ပေးသည်။
"ဟဲ့ ဟဲ့ ဆွဲနေပြီ၊ ဆွဲနေပြီ!"
"ဘာကိုလဲ ဘာကိုလဲ"
"လက်ကို"
"သေချာမပြောဘူး၊ လူကိုလန့်သွားတာပဲ"
"ငါလည်း မြင်တာ ပြောတာပဲ"
"ပြီးတော့ရော"
"ဟဲ့ ပြီးတော့ရောလို့"
အဓိကစောင့်ကြည့်ရေးသမား လူသားစီစီတီဗီဆီက အသံထွက်မလာတော့ အပေါင်းအပါများက ဝိုင်းဝန်းမေးကြသည်။ စီစီတီဗီ လိုင်းခဏထစ်နေသည်။
"ဟဲ့ နင်ဘာဖြစ်.."
"ဒူးထောက်လိုက်ပြီ!"
"ဟမ်"
"အစ်ကိုခန့်ညား ဒူးထောက်လိုက်ပြီ၊ လက်ထပ်ခွင့်တောင်းတာထင်တယ်"
"တကယ် !!"
သတင်းထူးကို ကြားလိုက်ရတာနဲ့ ချောင်းနေသူများ ခေါင်းထောင်ကြည့်ကြသည်။ တကယ်လည်း သတင်းပေးပြောသလိုပဲ၊ အစ်ကိုလတ်တစ်ယောက် ကောင်လေးရှေ့မှာ ဒူးထောက်ထိုင်နေသည်။ ဒါပေမဲ့..
"ဟဲ့ သူ လက်ထပ်ခွင့်တောင်းတာကြီးကလည်း တမျိုးကြီးပဲ"
အကြောင်းသည်ကား ဒူးတစ်ဖက်တည်း ထောက်ထားတာမဟုတ်ဘဲ နှစ်ဖက်စလုံး ဝပ်ဆင်းပြီး ထိုင်နေတာ။ လက်အုပ်သာချီလိုက်ရင် သီတင်းကျွတ်ကာလ လူကြီးမိဘကို ကန်တော့နေတာနဲ့ တူသည်။ မျက်နှာကလည်း ကြည်နူးနေတာလား၊ နတ်ပူးနေတာလားဆိုတာ သေချာခွဲခြားလို့မရ။ ကြည့်နေစဉ်အတွင်းမှာပဲ ကောင်လေးက ခေါင်းကိုခါသည်၊ ပြုတ်ထွက်မတတ်ကို ခါသည်။
"ဟဲ့ ငြင်းလိုက်တာထင်တယ်"
"ဟယ် ငါတို့အစ်ကိုလေး သနားပါတယ်"
"ဒါနဲ့ လက်စွပ်က ဘယ်မှာလဲ"
"ဘာလက်စွပ်လဲ"
"လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်လေ"
"အေး အဲ့တာမပါလို့များ လက်မခံတာလား မသိဘူး"
BẠN ĐANG ĐỌC
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Lãng mạnဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...