Episode (17)

794 74 43
                                    

(Unicode)

"ဟား ဟား ဟား ဟား!!"

"ကိုရှင်းခန့်ညား"

"ဟား ဟား ဟား ဟား!!"

"ကိုရှင်းခန့်ညား"

"ဟား ဟား ဟား ဟား!!"

သန်းခေါင်ယံအချိန် လမင်းသာပြီး တောင်လေမြူးတဲ့အခိုက်မှာ လူတစ်ယောက်က ဗိုက်ကိုနှိပ်ကာ အသားကုန် ရီနေသည်။ အသံက ရီသော်လည်း မျက်နှာပေးက အတည်၊ ပြင်မရတဲ့အတိတ်ကြောင့် နောင်တရကာ စိတ်လွတ်သွားပုံရသည်။ ဒါကို အဖော်ကောင်လေးက ဘာထင်သွားတယ် မသိ၊ နောက်တစ်လှမ်းဆုတ်ကာ လက်အုပ်ကိုချီသည်။

"ကို..ကိုရှင်းခန့်ညား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ"

"ဟား ဟား ဟား ဟား!!"

အစက အရက်ကြောင်တာနေမှာပါလို့သာ ဒဲ ထင်ခဲ့တာ၊ အခုတော့ ကိုရှင်းခန့်ညားကို တစ်ခုခုပူးကပ်နေမှန်း ဒဲ သိလိုက်ပြီ။ ဝင်တဲ့သရဲက နည်းနည်းအဆင့်မြင့်ပုံရသည်၊ ဘုရားစာရွတ်တာတောင် ဖြုံတဲ့ပုံမပေါ်။ နောက်ကိုတစ်လှမ်းချင်းစီ ဆုတ်နေတဲ့ ဒဲကို လက်ယပ်ခေါ်နေပြီး..

"လာ ဒီနားလာ၊ ငါ အတည်ပြောနေတာ"

"အသိစိတ် ပြန်ဝင်ပါတော့ ကိုရှင်းခန့်ညား၊  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ..."

"ဟား ဟား ဟား ဟား!!"

ကိုယ်ဆင်တဲ့ဂွင် ကိုယ်ပြန်ဝင်တယ်ဆိုတာ ရှင်းခန့်ညားမှ အစစ်။ အတိတ်ကကောင် ရှင်းခန့်ညားမောင် ဘာလို့ပါးစပ်သရမ်းခဲ့တာလဲ။ အတိတ်သာ ပြန်သွားလို့ရရင် ရှင်းခန့်ညား ကိုယ့်ကိုကိုယ် လည်ပင်းညှစ်လိမ့်မည်။ အခုတော့ ဘာတတ်နိုင်ဦးမှာလဲ၊ ပေါက်တဲ့နဖူး ထူးမှမထူးတော့တာ။ သူ ယုံကြည်လာတဲ့အထိ ချစ်တဲ့အကြောင်းတွေ ပြောပြရမှာပေါ့။ ရှင်းခန့်ညား အရီရပ်လိုက်ကာ အင်္ကျီလက်နှစ်ဖက်ကို ပင့်တင်လိုက်သည်။ ထပ်အတီးခံရရင် ခံသာအောင် ပါးနှစ်ဖက်ပါ အကြောလျော့ထားလိုက်သည်။ ပြီးတာနဲ့ ခါးကိုထောက်ရင်း အချစ်ရှိရာကို တဆိုက်မတ်မတ် သွားပါသည်။

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now