Episode (8)

733 67 36
                                    

(Unicode)

"ထပ်တရားပန်းတွေကို ဖြည်းဖြည်းသယ်.. ဟာ ဟေ့မဟုတ်ဘူး နှင်းဆီက ဒီဘက်ထားမှာ"

မင်္ဂလာပွဲနေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ ရှင်းစံအိမ် ဥယျာဉ်ထဲက လူအများ အလုပ်ရှုပ်နေကြသည်မှာ ခြေချင်းလိမ်မတတ်။ ထိုအထဲတွင် သစ်ခွန်းတောက်က ထိပ်ဆုံးက ဦးဆောင်သည်။ အခမ်းအနား ပြင်ဆင်ရေး တာဝန်ခံရာထူးကို ကိုင်ထားရသူမို့ အကျဉ်ရုံးဆောင်တဲ့ သူငယ်ချင်းမင်္ဂလာဆောင်ကို အခမ်းနားဆုံးပြင်ဆင်ပေးချင်သည်။

သတို့သားနှစ်ဦး ဝင်လာမယ့် လျှောက်လမ်းကို ပန်းခင်းလမ်းဖြစ်အောင် ပန်းပေါင်းစုံ ပွင့်ချပ်လွှာများ ကြဲချပေးထားသည်။ ကတိသစ္စာဆိုကြမယ့် စင်မြင့်ထက်မှာလည်း မိတ်လုံကျွန်းကို ကိုယ်စားပြုတဲ့ ထပ်တရာပန်းများနဲ့ ဝေဝေဆာဆာ အလှဆင်ထားသည်။ ပန်းစင်မြင့်ရဲ့ဘေးတဖက်မှာတော့ စန္ဒယားတစ်လုံးရှိပြီး ပန်းတစ်ပွင့်စီ တပ်ဆင်ထားတဲ့ မိုက်နှစ်လုံးလည်းရှိသည်။

"လက်ဆောင်ကတ်တွေကို ထိုင်ခုံတွေ ပေါ်မှာပဲ တကဒ်ချင်းစီ တင်ထားလိုက်တော့မယ် မောင်"

"ကောင်းတာပေါ့၊ ခဏ မောင် ဟိုဘက် ခဏသွားလိုက်ဦးမယ်"

အနည်းအကျဉ်းသာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို အမှတ်တရလက်ဆောင်အနေနဲ့ ရှင်းမိသားစုပိုင် အပန်းဖြေစခန်းများ၊ ဟိုတယ်များမှာ အခမဲ့သွားရောက်လည်ပတ်ခွင့်ကိုမှ VIPအဆင့် ပြင်ဆင်ပေးထားသည်။ သတို့သား ရှင်းခန့်ညားကတော့ အလုပ်ရှုပ်လိုက်တာလို့ မိန့်ခွန်းခြွေပေမဲ့ အဖေဖြစ်သူဦးရန်ရှင်ကတော့ ပန်းရောင်တကူးတက ဝတ်ပေးလာမှာနဲ့တင် အတော်အားနာနေပြီ။ ရှင်းမိသားစု ဖြစ်သည့်အတွက် "လက်ဆောင်ယူလာ လှည့်ပြန်ပါ" စနစ်ကို ကျင့်သုံးပြီး ရေကူးကန်တဖက်မှာ ကျွေးမွေးမယ့် ဘူဖေးအတွက် ဟိုတယ်မှစာဖိုမှုးကြီးများကို ခေါ်ယူထားသည်။

"ခွန်း"

"ဟာ ဉာဏ်လင်းရောင် မင်းကလည်း နောက်ကျလိုက်တာ"

"အမေတို့နဲ့လာတာ"

သစ်ခွန်းတောက် သူငယ်ချင်းဖြစ်သူကို ခေါင်းစခြေဆုံး ရှုစားလိုက်သည်။ ဉာဏ်လင်းရောင် ပန်းရောင်ဝတ်တာကို ဘဝမှာ ပထမဆုံးတွေ့ဖူးခြင်း။ အနေအထိုင် တည်ငြိမ်လွန်းပြီး ရှင်းဆောက်လုပ်ရေးရဲ့ ဗိသုကာအဖွဲ့ကို ဦးဆောင်နေသူမို့ ဝတ်ထားတဲ့ ပန်းရောင်တောင် သူနဲ့ကျမှ ရင့်ကျက်ချင်ယောင်ဆောင်နေရသည်။ သူငယ်ချင်းတွေကြား ဒီစကားမပြောချင်ပေမဲ့ ရှင်းခန့်ညားက ဆွဲဆောင်မှုရှိတာဆိုရင် ဉာဏ်လင်းရောင်က သန့်ပြန့်လင်းထွက်နေတာ။ တစ်ခါတစ်လေ ဒီကောင့်ကို မှီတဲ့ကောင် မြန်မာပြည်မှာ ရှိပါဦးမလား တွေးမိပေမဲ့..

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now