Episode (22)

678 68 12
                                    

(Unicode)

"သားလေး အမေ့သားလေး ဘာမှမပူနဲ့နော်၊ Daniel လေးကို အမေ ကာကွယ်ပေးသွားမယ်၊ အမေ သားကို လိုလေသေးမရှိအောင် ထားနိုင်ပါတယ်"

ရှင်းစံအိမ်တော်ကနေ ဒဲ ထွက်လာခဲ့ပြီ။ ကိုယ့်ကိုကိုယ် အမေဟု ခေါ်တွင်နေ​သော အမျိုးသမီးကြီးနဲ့အတူ ကားတစ်စီးပေါ် ရောက်နေသည်။ ဘေးမှာ ညီစေသော် လည်းရှိသည်။ ဖြစ်ပျက်ခဲ့သမျှကြောင့် ဒဲ အသက်ရှုရပ်မတတ် မွန်းကြပ်နေပါသော်လည်း သူတို့ကတော့ ပျော်ပျော်ရွှင်ရွှင် ပြုံးပန်းကို ဆင်နေကြသည်။

"အခုဆို သားမှာ အမေလည်း ရှိတယ်၊ သားကိုကိုလည်း ရှိတယ်၊ အမေ့သား ဘာမှအားမငယ်နဲ့နော်"

လောကကြီးက ရီစရာကောင်းပါသည်။ တချိန်လုံး ပျောက်ဆုံးနေခဲ့တဲ့ အမေက ရုတ်တရက် ပေါ်ထွက်လာပြီး မတ်မတ်မားမား ကာကွယ်ပေးဖို့ ကြိုးစားနေသည်။ ထီးရိပ်သဖွယ် အားကိုးရတဲ့သူက ဒဲရဲ့ ယုံကြည်မှုတို့ကို အလွဲသုံးစား လုပ်သွားသည်။

"သားကို အမေက ဆွတ်ဇာလန်ကို ခေါ်သွား-"

"အန်တီ ကျွန်တော် ပြောစရာရှိပါတယ်၊ ကား ခဏရပ်ပေးပါ"

ဒဲ စကားက သူစိမ်းဆန်ချင်ဆန်နေနိုင်သည်။ တကယ်လည်း ဒေါ်ရေချယ်မျိုးသွယ် နဲ့ ဒဲက သွေးသားပဲ တော်စပ်တဲ့ သူစိမ်းစစ်စစ်တွေ။ ဒဲ ဒီလို ခေါ်လိုက်တော့ ဒေါ်ရေချယ်တစ်ယောက် လန့်ပြာသွား၏။ ကားကို ချက်ချင်းရပ်ခိုင်းပြီးမှ..

"သား..၊ အမေ့ကို ဘယ်လိုခေါ်လိုက်တာလဲ"

"တောင်းပန်ပါတယ်၊ အန်တီက အခုချိန်မှာ ကျွန်တော့်အတွက် သူစိမ်းသာသာပါပဲ"

"အမေ နားလည်ပါတယ် သားရယ်၊ အားလုံး အမေ့ အပြစ်တွေပါ"

"ကျွန်တော် အမြဲတမ်း သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခု ရှိတယ်၊ အန်တီ အမှန်အတိုင်း ဖြေပေးနိုင်မလား"

"ဖြေမယ် သား၊ အမေ ဖြေပေးမယ်"

ဒဲ ရန်ကုန် လာရခြင်း ရည်ရွယ်ချက်။ ကိုရှင်းခန့်ညားကို လက်ထပ်ခဲ့ရတဲ့ အကြောင်းအရင်း။ ဒီအချက်တွေအားလုံးက ဒဲ တသက်လုံး သိမ်းထားခဲ့ရတဲ့ ဒီမေးခွန်းကြောင့် ဖြစ်လာတာ။ မိဘမေတ္တာ မခံစားဖူးခဲ့တဲ့ မိဘမဲ့ ကလေးတစ်ယောက်ရဲ့ သဘာဝအကျဆုံး မေးခွန်းတစ်ခု ဖြစ်နိုင်သည်။

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now